၁၃.၅% မျှသာ ပါဝင်ပြီး မဲခေါင်မြစ်တစ်မြစ်လုံး၏ ရေပမာဏသက်ရောက်မှုအတွက် အလွန် နည်းပါး

2020-04-30 17:13:40 |သတင်းအရင်းအမြစ် 澜湄趴

တရုတ်နိုင်ငံသည် မဲခေါင်မြစ် မြစ်ညာဒေသတွင် ရေကာတာ တည်ဆောက်ခြင်းဖြင့် ရေလှောင်ပြီး ဓာတ်အားထုတ်လုပ်သည့်အတွက်ကြောင့် မြစ်ကြေဒေသရှိနိုင်ငံများသည် မိုးခေါင်မှုဒဏ်ကို ပို၍ ဆိုးဝါးစွာ ခံစားနေရကြောင်း မကြာသေးမီက အမေရိကန် “The New York Times”၌ သတင်းဖော်ပြထားပါသည်။

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang သည် “The New York Times”မှ ဖော်ပြသည့် သတင်းမှာ အဖြစ်မှန်နှင့် မကိုက်ညီ၊ အခြေအမြစ် မရှိကြောင်း ပြန်လည်တုံ့ပြန်ပြောကြားခဲ့ပါသည်။ အချိန်ကာလတစ်ခုအတွင်း မဲခေါင်မြစ်ကော်မတီ အတွင်းရေးမှူးအဖွဲ့က ကြေညာထုတ်ပြန်သည့် “မဲခေါင်မြစ် ရေစီးကြောင်း အခြေအနေဂျာနယ်”တွင် ယခုအကြိမ် မိုးခေါင်မှုဒဏ်နှင့်ပတ်သက်ပြီး သိပ္ပံနည်းကျ အကဲဖြတ်ချက်များကို ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် မေလကတည်းက လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသအများစုတွင် မိုးခေါင်မှုဒဏ်နှင့် မိုးနည်းသည့် အခြေအနေကို အဆက်မပြတ် ကြုံတွေ့သည့်အတွက် အဓိက ဇလဗေဒစခန်း၏ ပျမ်းမျှမိုးရေချိန်မှာ ဇွန်လမှ အောက်တိုဘာလအထိ ယခင်နှစ်များထက် နှိုင်းစာလျှင် (၂) မှ (၅) ရာခိုင်နှုန်း လျော့နည်းကြောင်း၊ မိုးရေချိန် လျော့နည်းခြင်း၊ မူမမှန်သော မုတ်သုန်လေနှင့် အစွန်းရောက် El Nino အယ်နီညိုအခြေအနေသည် လက်ရှိမိုးခေါင်မှုဒဏ် ဖြစ်ပွားသည့် အဓိက အကြောင်းအရင်းဖြစ်ကြောင်း Geng Shuang က ထောက်ပြပါသည်။

အလေးထားဂရုပြုသင့်သည်မှာ လန်ချန်းမြစ်၏ မိုးရေစီးကြောင်း ရေစီးပမာဏမှာ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသတစ်ဝှမ်းလုံး မိုးရေစီးကြောင်း ရေစီးပမာဏ၏ ၁၃.၅% မျှသာ ပါဝင်ပြီး လန်ချန်းမြစ် နိုင်ငံဖြတ်ကျော် မြစ်ရေစီးဆင်းမှုရေပမာဏသည် မဲခေါင်မြစ်တစ်မြစ်လုံး၏ ရေပမာဏသက်ရောက်မှုအတွက် အလွန် နည်းပါးခြင်း ဖြစ်သည်။ အဓိကအားဖြင့် ၎င်း၏ မြစ်ကြေရေပမာဏမှာ မြစ်ဝှမ်းဒေသတစ်ဝှမ်းလုံး၏ မိုးရေချိန်နှင့် မြစ်လက် တက်များ ပေါင်းဆုံစီးဆင်းခြင်း၏ သက်ရောက်မှု ရရှိပါသည်။ ထို့ကြောင့် မြစ်ကြေဒေသရှိ နိုင်ငံများသည် ကြုံတွေ့ကြသည့် မိုးခေါင်မှုဒဏ်ကို တရုတ်နိုင်ငံကို အပြစ်လွှဲချစရာ အကြောင်းမရှိပေ။

မည်သို့ဆိုစေကာမူ တရုတ်နိုင်ငံသည် လန်ချန်းမြစ်၏ လျော်ကန်သင့်မြတ်စွာ ရေစီးဆင်းနိုင်ရန် အတတ်နိုင်ဆုံး ကာကွယ်ပေးထားကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ၅ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၊ နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး ဝမ်ရိသည် မဲခေါင်မြစ်ဝှမ်းဒေသရှိ နိုင်ငံများနှင့် တစ်နှစ်ပတ်ပတ်လုံး ဇလဗေဒဆိုင်ရာသတင်းအချက်အလက်များကို တက်ကြွစွာ မျှဝေပေးရန် စီစဉ်ခြင်းနှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု မူပေါင်အရ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းအောင် မြှင့်တင်ဆောင်ရွက်ကာ ရေအရင်းအမြစ် စနစ်တကျ ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရန် ဖော်ဆောင်နေကြောင်း Geng Shuang က တရားဝင် ထုတ်ဖော်ပြောကြားသည်။

လက်ရှိတွင် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများအကြား လက်တွေ့ကျသည့် ဖလှယ်ဆွေးနွေးမှု ယန္တရားတစ်ခုကို ထူထောင်ထားပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများနှင့် အတူ ရေအရင်းအမြစ်သတင်းအချက်အလက်ဆိုင်ရာ မျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ကာ ရာသီဥတုပြောင်းလဲမှုနှင့် ရေဘေးအန္တရာယ်စိန်ခေါ်မှုကို အတူတကွ ရင်ဆိုင်သွားမည် ဖြစ်ကြောင်း Geng Shuang က အလေးအနက် ပြောကြားပါသည်။

လန်ချန်းမြစ်အရှည်မှာ တရုတ်နိုင်ငံအတွင်းတွင် ၂၁၇၉ ကီလိုမီတာ ရှိပြီး ချင်ဟိုင်၊ တိဗက်နှင့် ယူနန် စသည့် ဒေသ ၃ ခုကို ဖြတ်သန်းစီဆင်းကာ ယူနန်ပြည်နယ်အတွင်းတွင် ၁၂၄၇ ကီလိုမီတာရှိပါသည်။ ယူနန်ပြည်နယ်သည် ဆိုးဝါးသည့် မိုးခေါင်မှုဒဏ်ကို ကြုံတွေ့လျက်ရှိနေပါသည်။ ယခုလက်ရှိ မိုးခေါင်မှုဒဏ်အခြေအနေနှင့် သက်ရောက်မှုအတိုင်းအတာကို ကြည့်ခြင်းအားဖြင့် ၂၀၂၀ ပြည့်နှစ်၏ မိုးခေါင်မှုဒဏ်မှာ ၂၀၁၀ ခုနှစ်မှ ၂၀၁၁ ခုနှစ် ကာလတွင် နှစ်တစ်ရာ မိုးခေါင်မှုဒဏ် ကြုံတွေ့ပြီးနောက်ပိုင်း ၁၀ နှစ်အတွင်း အဆိုးဝါးဆုံး ကြုံတွေ့ရသည့် မိုးခေါင်မှုဒဏ်ဖြစ်ပါသည်။ မိုးရေချိန် နည်းပါးခြင်း၊ မြစ်ရေစီးဆင်းမှုရေပမာဏ နည်းပါးခြင်း၊ ဆည်ကြီးများတွင် ရေသိုလှောင်သည့်ပမာဏ နည်းပါးခြင်း စသည့် သက်ရောက်မှုများကြောင့် ဧပြီလ ၁၅ ရက်နေ့အထိ ယူနန်ပြည်နယ်တွင် မြစ်ချောင်း(၁၀၀) တွင် ရေစီးကြောင်း ပြတ်တောက်လျက်ရှိသည်။ ရေလှောင်ဆည်ကြီး(၁၈၀)ခုတွင် ရေခန်းခြောက်သည်။ လူဦးရေ (၁.၄၇)သိန်းတို့သည် သောက်ရေပြဿနာ ကြုံတွေ့ကာ မိုးခေါင်မှုဒဏ်ခုခံတိုက်ဖျက်ရေးမှာ ပြင်းထန်လေးနက်ပါသည်။

လန်ချန်းမြစ်သည် တရုတ်နိုင်ငံအတွင်းတွင် ချင်ဟိုင် ထန်ဂူလာတောင်မှ မြစ်ဖျားခံသည်။ တရုတ်နိုင်ငံ တိဗက်၊ ယူနန် စသည့်ဒေသများကို ဖြတ်ကျော်ကာ စစ်ဆောင်ပန်းနားမှတစ်ဆင့် နိုင်ငံဖြတ်ကျော်ပြီး မဲခေါင်မြစ်ဟု ခေါ်ဝေါ်ပါသည်။ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် စသည့် နိုင်ငံ ၅ နိုင်ငံကို ဖြတ်ကျော်စီးဆင်းလျက်ရှိပါသည်။ ပင်မရေစီးကြောင်းစုစုပေါင်း အရှည်မှာ ၄၈၈၀ ကီလိုမီတာ ရှိပြီး မြစ်ဝှမ်းဒေသဧရိယာမှာ ၈၁ စတုရမ်းကီလိုမီတာ ကျယ်ဝန်းပါသည်။ ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့က ၎င်းနိုင်ငံ ၆ နိုင်ငံမှ ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးကို ပထမအကြိမ် ကျင်းပကာ “လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ ၆ နိုင်ငံ”ပူးပေါင်းဆောင်ရွက်မှုစနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ၎င်းနိုင်ငံ ၆ နိုင်ငံမှ ဆည်မြောင်းတာတမံလုပ်ငန်းစီမံအုပ်ချုပ်ရေးဌာန ပြည်ထောင်စုဝန်ကြီးများသည် လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးအဆင့် အစည်းအဝေးတွင် ၆ နိုင်ငံတို့သည် တိုင်ပင်ဆွေးနွေးမှု၊ အတွေ့အကြုံများ ဖလှယ်မှု၊ စီမံကိန်းပူးပေါင်းဆောင်ရွက်မှု စသည်တို့ကို မြှင့်တင်ဖော်ဆောင်ကာ လန်ချန်း-မဲခေါင် ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှုအရည်အသွေးကို ပိုမိုအားကောင်းစွာ တိုးမြှင့်ရန် အလေးထားပြောကြားထားပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006