ယူနန်ပြည်နယ် ခရီးသွားလုပ်ငန်းသည် စနစ်တကျ ကောင်းမွန်စွာ ပြန်လည်လည်ပတ်

2020-05-06 18:18:04 |သတင်းအရင်းအမြစ် ယူနန်နေ့စဉ်သတင်းစာ

တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ သတင်းအရ တရုတ်နိုင်ငံသည် တရုတ်အလုပ်သမားနေ့ ရုံးပိတ်ရက်ကာလ (မေလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ) အတွင်း တစ်နိုင်ငံလုံးတွင် ပြည်တွင်းခရီးသည်ဦးရေ စုစုပေါင်း ဝ.၁၁၅ ဘီလီယံဧည့်ခံ၍ ခရီးသွားဝင်ငွေ တရုတ်ယွမ်ငွေ ၄၇.၅၆ ဘီလီယံ (ဒေါ်လာ ၆.၆၉၈ ဘီလီယံ) ရရှိကြောင်း သိရပါသည်။

ယူနန်ပြည်နယ်တွင် ခရီးသည်ဦးရေ စုစုပေါင်း ၉၉.၆၆၂ သိန်း ဧည့်ခံ၍ ယမန်နှစ်အလားတူကာလရှိ ၆၆.၈% ရောက်ရှိပြီး ခရီးသွားဝင်ငွေ တရုတ်ယွမ်ငွေ ၇.၈၅၈ ဘီလီယံ (ဒေါ်လာ ၁.၁ ဘီလီယံ)ရရှိပြီး ယမန်နှစ်အလားတူအချိန်ရှိ ၆၈.၆% ရောက်ရှိသည်။ တစ်ပြည်နယ်လုံးတွင် ဖွင့်လှစ်ထားသော ရှုခင်းသာရပ်ကွက် ၃၂၈ ခုရှိရာ ဖွင့်လှစ်နှုန်း ၉၈.၅% ရှိပါကြောင်း၊ ပြန်လည်ဖွင့်လှစ်နေသည့် အဆင့်မြင့်ဟိုတယ် ၄၅၄ ခုရှိရာ ဖွင့်လှစ်နှုန်း ၇၄.၄% ရှိပါကြောင်း၊ ပြည်နယ်အတွင်းဝန်ဆောင်ပေးသည့် ခရီးသွားအေဂျင်စီ ၃၈၂ ခုပြန်လည်စတင်ရာ စုစုပေါင်း၏ ၃၆.၅% ဖွင့်လှစ်နေပါကြောင်း သတင်းအရသိရပါသည်။ ယူနန်ပြည်နယ်ဆိုင်ရာ ခရီးသွားလုပ်ငန်းသည် မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်နေကြောင်း ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနမှ သတင်းအရ သိရပါသည်။

သတင်းထောက် ။ ။ ဝမ်ဟွမ်း (ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006