၂၀၂၀ ခုနှစ် ယူနန်ပြည်နယ်အစိုးရ၏ ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ ထုတ်ပြန်

2020-05-13 18:12:39 |သတင်းအရင်းအမြစ် ယူနန်နေ့စဉ်သတင်းစာ

မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ယူနန်ပြည်နယ်၏ ၁၃ ကြိမ်မြောက် ပြည်သူ့ကွန်ဂရက် တတိယအကြိမ် အစည်းအဝေး ကျင်းပပြုလုပ်သည်။ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး ရွမ်ချင်ဖားသည် ယူနန်ပြည်နယ် ပြည်သူ့အစိုးရကိုယ်စားလှယ်အနေဖြင့် ကွန်ဂရက်သို့ အစိုးရလုပ်ငန်းအစီရင်ခံစာကို တင်ပြကြောင်း သတင်းအရသိရပါသည်။

၂၀၁၉ ခုနှစ်တွင် ယူနန်ပြည်နယ်သည် အောင်မြင်မှုများစွာ ရရှိခဲ့ပါသည်--

၂၀၁၉ ခုနှစ်တွင် ယူနန်ပြည်နယ်သည် ဆင်းရဲနွမ်းပါးသူ ၉၅% ၊ ဆင်းရဲနွမ်းပါးကျေးရွာ ၉၅ %နှင့် ဆင်းရဲနွမ်းပါးခရိုင် ၉၀% အား ဆင်းရဲနွှမ်းပါးမှုမှ လျှော့ချနိုင်ခဲ့ပြီး လူဦးရေစုစုပေါင်း ၁၅ သိန်းသည် အိမ်အသစ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါသည်။

၂၀၁၉ ခုနှစ်တွင် ယူနန်ပြည်နယ်၏ စီးပွားရေးပမာဏမှာ တရုတ်ယွမ်ငွေ ဝ.၂၃၂ ဘီလီယံသို့ ရောက်ရှိပြီး တစ်နိုင်ငံလုံးတွင် အဆင့် ၁၈ မြောက်နေရာသို့ ရောက်ရှိလာပါသည်။

၂၀၁၉ ခုနှစ်တွင် ယူနန်ပြည်နယ်သည် အဓိကလုပ်ငန်း ၈ မျိုးကို အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးစေပြီး စက်မှုလုပ်ငန်းရင်းနှီးမြှုပ်နှံမှုမှာ ၁၁.၇% တိုးတက်၍ ခရီးသွားလုပ်ငန်းဝင်ငွေမှာ တရုတ်ယွမ်ငွေ ဝ.၁၁ ဘီလီယံ ရရှိခဲ့ပါသည်။

သတင်းအချက်အလက်စက်မှုလုပ်ငန်းဆိုင်ရာ ဝင်ငွေမှာ ၁၈.၃% တိုးတက်လာပါသည်။

၂၀၁၉ ခုနှစ်တွင် ယူနန်ပြည်နယ်၏ မြန်နှုန်းမြင့်ကားလမ်းမကြီးသည် ကီလိုမီတာ ၆၀၀၀ ကျော် ရောက်ရှိလာပြီ ဖြစ်သည်။

မြို့တော်ရှိလေထုအရည်အသွေးကောင်းသော နေ့ရက်သည် ၉၈.၁% ကျော်ရှိ၍ မြေဆီလွှာထိန်းချုပ်မှုဧရိယာသည် ၅၅၁၆ စတုရမ်းကီလိုမီတာရှိပြီး သစ်တော်ဖုံးလွှမ်းမိုးမှုသည် ၆၂.၄% ရှိပါသည်။

တရုတ်(ယူနန်) လွတ်လပ်သောကုန်သွယ်ရေး ရှေ့ပြေးဇုန်ကို တည်ထောင်ပြီးနောက် ပြည်ပသွင်းကုန်ပို့ကုန်မှာ ၁၇.၉% တိုးတက်လာပြီး နယ်စပ်ဖြတ်ကျော် တရုတ်ယွမ်ငွေပေးချေမှုစုစုပေါင်းပမာဏမှာ တရုတ်ယွမ်ငွေ ၅၀၀ ဘီလီယံရှိပါသည်။

မြို့ပြ အလုပ်အကိုင်အခွင့်အလမ်းအသစ် ၅.၃၄ သိန်းဖန်တီးပေးနိုင်ပြီး မြို့ပြနေထိုင်သူများနှင့် ကျေးရွာနေပြည်သူများ၏ ပျမ်းမျှဝင်ငွေမှာ ၈.၂% နှင့် ၁၀.၅% တိုးတက်၍ အထွေထွေစွမ်းရည် ပြည့်ဝသော ခရိုင်အဆင့်ဆေးရုံ ၁၀၆ ခု ရှိပါသည်။

၂၀၂၀ ခုနှစ်တွင် ယူနန်ပြည်နယ်သည် အောက်ပါရည်မှန်းချက်ပန်းတိုင်များ ရှိပါသည်--

ပုံသေပိုင်ဆိုင်မှုရင်းနှီးမြှုပ်နှံမှုမှာ ၁၀% တိုးတက်ပြီး ယေဘုယျအများသုံးဘတ်ဂျက်မှာ ၂% တိုးတက်ရမည်။ မြို့တော်ဆိုင်ရာ အလုပ်မဲ့နှုန်းသည် ၅.၅% ဝန်းကျင်ထိန်းချုပ်၍ မြို့ပြ စားသုံးမှုဈေးနှုန်းတိုးတက်မှုသည် ၃.၅% ဝန်းကျင် ထိန်းချုပ်ထားမည်။

ဆင်းရဲနွမ်းပါးခရိုင် ၉ ခု၊ ဆင်းရဲနွမ်းပါးကျေးရွာ ၄၂၉ ခု၊ ဆင်းရဲနွမ်းပါးသူ ၄.၄၂ သိန်းကို ဆင်းရဲနွမ်းပါးမှုမှ လျှော့ချမည်။

“ဒစ်ဂျစ်တယ်ယူနန်”ကို အင်တိုက်အားတိုက် တည်ထောင်ပါမည်။

၂၀၂၀ ခုနှစ်နှစ်ကုန်ပိုင်းတွင် ယူနန်ပြည်နယ်၏ မြန်နှုန်းမြင့်ကားလမ်းမှာ ကီလိုမီတာ ၉၀၀၀ ကျော် ရောက်ရှိလာပါမည်။

ကီလိုမီတာ ၄၀၀ ကျော်ရှိ သဘာဝဓာတ်ငွေ့ပိုက်လမ်းကွန်ရက် တည်ထောင်ပြီး နိုင်ငံ ၅ နိုင်ငံဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးအချက်အချာစင်တာကို တည်ထောင်မည်။

တံခါးဖွင့်ခြင်းကို မြင့်မားသောအဆင့်ရောက်အောင် တွန်းတင်ဆောင်ရွက်မည်။

သတင်းအရင်းအမြစ် ။ ။ ယူနန်နေ့စဉ်သတင်းစာ

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006