၁၉၉၀ ပြည့်နှစ်များတွင် လိစု၊ နု၊ ပိုင် တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော လူနည်းစုတိုင်းရင်းသားအဖွဲ့သည် နုကျန်း လိစုတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လူရွှေခရိုင်၊ ဖူကုန့်ခရိုင်၊ လန်ဖိန်ခရိုင်တို့ရှိ တောင်တန်းကြီးများမှ ပေါင်စမ်းမြို့ မန်ခွမ်းကျေးရွာအုပ်စု၊ လုကျန်းမြို့နယ်သို့ ရွှေ့ပြောင်းလာကြသော်လည်း ဆင်းရဲနွမ်းပါးမှု အခြေအနေနှင့် ရင်ဆိုင်နေရသေးသည်။
ရွှေ့ပြောင်းခြင်းကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းရန် ၂၀၁၇ ခုနှစ် ဇူလိုင်လမှစ၍ ပေါင်းစမ်းမြို့သည် ကောင်းလီကုန့်တောင်မှ ရွေ့ပြောင်းလာသော အိမ်ထောင်စုလူဦးရေစာရင်းကို ပေါင်စမ်းမြို့ လွန်ရန်ရပ်ကွက်သို့ လွှဲပြောင်းလိုက်ပြီး နေရာရွေ့ပြောင်းသူများတွင် လိုအပ်ချက်နှင့်ကိုက်ညီသူအတွက် ဆေးကုသမှုအာမခံနှင့် အငြိမ်းစားယူခြင်းအာမခံကို စီစဉ်ပေးပါသည်။ ထို့အပြင် ဆင်းရဲနွမ်းပါးအိမ်ထောင်စု ၈၆၁ စု၊ စုစုပေါင်းလူဦးရေ ၂၈၃၃ ဦးအတွက် အခြေခံလူနေမှုအာမခံ ဆောင်ရွက်ပေးပါသည်။
၂၀၁၈ ခုနှစ်နှစ်ကုန်ပိုင်းတွင် အိမ်ထောင်စု ၉၀၉ စု၊ လူဦးရေ ၄၉၁၀ ဦးသည် ကောင်းလီကုန့်တောင်မှ ပေါင်စမ်းမြို့ လွန်ရန်ရပ်ကွက်သို့ ရွှေ့ပြောင်းလာပါသည်။ ဒေသအစိုးရသည် ရွေ့ပြောင်းလာသူတို့အတွက် အလုပ်အကိုင်လေ့ကျင့်ရေးသင်တန်းအကြိမ် ၅၀ စီစဉ်ပြုလုပ်ပေးခဲ့ပြီး လူဦးရေ ၄၈၉၈ ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ကာ ၁၀၄၃ ဦးကို အလုပ်အကိုင် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ရွှေ့ပြောင်းလာသော မိသားစုဝင် ကလေးများအတွက် အစိုးရပိုင်စာသင်ကျောင်းတက်နိုင်ရန် စီစဉ်ပေးပြီး နေထိုင်စားသောက်မှု၊ သင်ထောက်ကူပစ္စည်း၊ အဝတ်အစားများ၊ ကျန်းမာရေးစစ်ဆေးခြင်း စသည်တို့ကို စီစဉ်ဆောင်ရွက်ပေးပါသည်။
လက်ရှိတွင် လူနည်းစုတိုင်းရင်းသား ၄၉၁၀ ဦးသည် ကောင်းလီကုန့်တောင် ပေါင်စမ်းရှိ ပြောင်းရွှေ့လာသူများအတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ပြန်လည်နေရာချထားရေးစီမံကိန်း၏ ပံ့ပိုးမှုဖြင့် ပျှော်ရွှင်ချမ်းမြေ့သော ဘဝကို စတင်လာပါသည်။
သတင်းအရင်းအမြစ်။ ။ယူနန်နေ့စဉ်သတင်းစာ