မေလ ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ၏ ထုတ်ပြန်သောသတင်းအရ ကျောင်းရန်ရပ်ကွက် အပါအဝင် ခရိုင် (မြို့၊ ရပ်ကွက်) ၃၁ ခုသည် ဆင်းရဲနွမ်းပါးမှုမှ အောင်မြင်စွာ လွတ်မြောက်လာကြောင်း သိရပါသည်။
လက်ရှိအချိန်ထိ ယူနန်ပြည်နယ်ရှိ ဆင်းရဲနွမ်းပါးသော ခရိုင် ၈၈ ခုအနက် ၇၉ ခုသည် ဆင်းရဲနွမ်းပါးမှုမှ အောင်မြင်စွာ လွတ်မြောက်လာခဲ့သည်။ ယူနန်တစ်ပြည်နယ်လုံး၏ ကျေးရွာဒေသရှိ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာသူ ဦးရေစုစုပေါင်းမှာ ၆၁.၃၈ သိန်းရှိပြီး ဆင်းရဲနွမ်းပါးကျေးရွာ ၈၅၀၂ ခုအနက် ၈၀၇၃ ခုသည် အောင်မြင်စွာဖြင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာသည်။
ယူနန်ပြည်နယ်၏ ဆင်းရဲနွမ်းပါးသော နေရာဒေသရှိ ရွာသူရွာသားများ၏ တစ်ဦးချင်းပျမ်းမျှဝင်ငွေသည် တရုတ်ယွမ်ငွေ ၁၀၇၇၁ (ဒေါ်လာ ၁၅၁၆) သို့ မြင့်တက်လာပြီး ဆင်းရဲနွမ်းပါးမှုမှ အောင်မြင်စွာ လွတ်မြောက်လာသော ရွာသူရွာသားများ၏ တစ်ဦးချင်းပျမ်းမျှဝင်ငွေသည် တရုတ်ယွမ်ငွေ ၆၉၄၉ (ဒေါ်လာ ၉၇၈) သို့ တိုးတက်လာသည်။ အစိုးရ၏ မှတ်တမ်းများအရ တစ်ဦးချင်းပျမ်းမျှဝင်ငွေ တရုတ်ယွမ်ငွေ ၅၀၀၀ (ဒေါ်လာ ၇၀၃) ထက်နည်းသော ဆင်းရဲနွမ်းပါးသူ လူဦးရေအချိုးသည် ၂၀၁၅ ခုနှစ်တွင် ၅% မှ ၂၀၁၉ ခုနှစ်တွင် ၉၀.၆% သို့ တိုးတက်လာပြီး ကုန်ထုတ်လုပ်ငန်းဖြင့် ထောက်ပံ့သော အချိုးနှုန်းသည် ၄.၅% မှ ၉၃.၆% သို့ တိုးတက်လာကာ ခိုင်မာတည်ငြိမ်သော အလုပ်အကိုင် အချိုးနှုန်းသည် ၉.၂% မှ ၅၅.၁% သို့ တိုးတက်လာကြောင်း သိရပါသည်။
သတင်းအရင်းအမြစ် ။ ။ ယူနန်နေ့စဉ်သတင်းစာ