လတ်တလောနှစ်ပိုင်းတွင် ယူနန်ပြည်နယ် ရှီးတျိန့်ခိုင် ကျန်းစမ်းကျေးရွာသည် ၎င်း၏အရင်းအမြစ်ကို အသုံးပြု၍ ရှေးဟောင်းလက်ဖက်ပင်တံဆိပ်ကို တည်ထောင်လိုက်ပြီး လက်ဖက်ခြောက်လုပ်ငန်းသည် ဒေသရှိ ရေရှည်ဖွံ့ဖြိုး တိုးတက်နိုင်သော အဓိကလုပ်ငန်းဖြစ်လာသည်။ အဆိုပါလုပ်ငန်းသည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးနိုင်သည့်အပြင် လယ်သမားများအတွက်လည်း ရေရှည်လုပ်ငန်းတစ်ခုဖြစ်လာကာ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာစေပြီး ချမ်းသာသုခ ခံစားရရှိလာနိုင်သော လမ်းကြောင်းတစ်ခု ဖြစ်လာကြောင်း သတင်းအရသိရပါသည်။
လက်ရှိအချိန်တွင် ကျန်းစမ်းကျေးရွာသည် လက်ဖက်ခြောက်သမဝါယမ ၂ ခုကို တည်ထောင်ထားပြီး အနီးအနားရှိ ပြည်သူပြည်များကို ဆွဲဆောင်ကာ လက်ဖက်ခြံစီမံခန့်ခွဲခြင်း၊ လက်ဖက်ရွက်ဆွတ်ခူးခြင်း၊ အလုပ်ရုံတွင် လက်ဖက်ခြောက်လှော်ခြင်း၊ အဆင့်အလိုက်ခွဲခြင်း စသည့်လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ကြပါသည်။ ၂၀၁၉ ခုနှစ်နှစ်ကုန်ပိုင်းတွင် ရှေးဟောင်းလက်ဖက်ပင်ထွက် လက်ဖက်ခြောက်လုပ်ငန်းသည် တစ်ရွာလုံးရှိ အိမ်ထောင်စု ၂၀၀ အတွက် ဝင်ငွေတရုတ်ယွမ်ငွေ ၁၀၀၀ (ဒေါ်လာ ၁၄၀.၆)မှ ၁၀၀၀၀ (ဒေါ်လာ ၁၄၀၆) ခန့်အထိ တိုးတက်လာစေပါသည်။
သတင်းထောက် ။ ။ လီကျန့်ကော် (ယူနန်ကွန်ရက်)
သတင်းပေးပို့သူ ။ ။ ရန်လိကျွမ်း (ယူနန်ကွန်ရက်)