အဖွားသည် ကုလားထိုင်ထမ်းစင်ဖြင့် အိမ်အသစ်သို့ပြောင်းရွှေ့နေထိုင်

2020-05-19 18:32:51 |သတင်းအရင်းအမြစ် ယူနန်နေ့စဉ်သတင်းစာ

ယူနန်ပြည်နယ် ပေါင်းစမ်းမြို့ ရှီးတျိန့်ခရိုင်သည် ယူနန်ပြည်နယ်အနောက်ပိုင်း တောင်တန်းတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှပါသည်။ ဤနေရာတွင် နေထိုင်လျက်ရှိသော ပုလောင်တိုင်းရင်းသား လူမျိုးစုတို့သည် များသောအားဖြင့် ဆင်းရဲနွမ်းပါးသူများဖြစ်ကြပြီး ၂၀၁၅ ခုနှစ်တွင် ယူနန်ပြည်နယ်အစိုးရ၏ မူဝါဒများနှင့်အညီ CHINA TOBACCO YUNNAN INDUSTRIAL CO., LTD ကုမ္ပဏီသည် ရှီးတျိန့်ခရိုင်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရန် အကူအညီပေးပါသည်။ CHINA TOBACCO YUNNAN INDUSTRIAL CO., LTD ကုမ္ပဏီသည် ပစ္စည်း၊ လူအင်အား၊ ငွေကြေးများစွာ ရင်းနှီးမြုပ်နှံပြီး ဒေသခံအတွက် နေအိမ်ရွှေ့ပြောင်းခြင်း၊ အခြေခံအဆောက်အဦးတည်ဆောက်ခြင်း၊ အထူးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေခြင်း စသည်တို့ကို ကူညီထောက်ပံ့ ပေးပါသည်။ ၅ နှစ်အကြာတွင် ရှီးတျိန့်ခရိုင် မုယွမ်ကျေးရွာအုပ်စု၊ ဘိုင်လောင်ကျေးရွာအုပ်စုရှိ ပုလောင်တိုင်းရင်းသား လူမျိုးစုတစ်ခုလုံးသည် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာပြီး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာသူ စုစုပေါင်းဦးရေမှာ ၅၇၈၉ ဦးရှိသည့်အနက် အရွယ် ၈၅ နှစ်အရွယ်ရှိ လီမိုင်ရှု သည်လည်း အပါအဝင် ဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် CHINA TOBACCO YUNNAN INDUSTRIAL CO., LTD ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံပေးမှုဖြင့် သူမအတွက် မွေးမြူရေးလုပ်ငန်းကို တည်ထောင်ပေးထားရာ ၂၀၁၉ ခုနှစ်တွင် အဖွား လီမိုင်ရှု သည် အိမ်သစ်ကို တည်ဆောက်နိုင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် အဖွား လီမိုင်ရှုသည် အိမ်သစ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါသည်။

အဖွား လီမိုင်ရှုသည် ကျန်းမာရေးမကောင်း၍ နှစ်ပေါင်းများစွာ အိမ်တွင်းအောင်းနေခြင်းကြောင့် ကားစီးသည်ဖြစ်စေ၊ ကျောပိုးသွားသည်ဖြစ်စေ ခေါင်းမူးတတ်သဖြင့် အိမ်ပြောင်းရွှေ့သည့်နေ့တွင် မုယွမ်ကျေးရွာအုပ်စုရှိ လူငယ် ၁၆ ဦးသည် ဝါးကုလားထိုင် ထမ်းစင်ပြုလုပ်ကာ အဖွား လီမိုင်ရှုကို ၃ကီလိုမီတာကွာဝေးသော အိမ်သစ်သို့ ထမ်းပို့ပေးကြပါသည်။ အိမ်ပြောင်းရွှေ့သည့်လမ်းတလျောက်တွင် အဖွားသည် ချမ်းသာပျော်ရွှင်ကြစေသော တိုင်းရင်းသားသီချင်းတစ်ပုဒ်ကို ဝမ်းမြောက်ဝမ်းသာစွာ သီဆိုရင်း လိုက်ပါခဲ့သည်။

အိမ်သစ်သို့ ရွှေ့ပြောင်းခြင်းသည် အဖွား လီမိုင်ရှု အပါအဝင် ရွာရှိအိမ်ထောင်စု ၃၆ စုအတွက် အဓိပ္ပာယ်ရှိလှသော အလှည့်အပြောင်းဖြစ်ပါသည်။ ၎င်းသည် ဘဝအဟောင်း၏ အဆုံးဖြစ်ပြီး ဘဝအသစ်၏ အစ ဖြစ်ပါသည်။ လက်ရှိတွင် အဖွား လီမိုင်ရှု မိသားစုဝင် ၅ ဦးသည် နှစ်ထပ်အိမ်သစ်၌ နေထိုင်လျက်ရှိပြီး အိမ်ရှေ့တွင် ကွန်ကရစ်လမ်းရှိသည်။ လယ်မြေ တရုတ်ဧက ၄ ဧက၊ နွား ၃ ကောင်၊ ဝက် ၅ ကောင်၊ ဆိတ် ၈ ကောင် ပိုင်ဆိုင်ပြီး တစ်နှစ်ဝင်ငွေ တရုတ်ယွမ် ၃၀၀၀၀ (ဒေါ်လာ ၄၂၂၁) ရှိပါသည်။ အကြီးဆုံးမြေးမသည် ပေါင်းစမ်းတွင် အလုပ်လုပ် စီးပွားရှာပြီး မြေးမငယ်သည် ရှီးတျိန့်ခရိုင်တွင် မူလတန်းကျောင်းတွင် တက်ရောက်နေရာ အနာဂတ်ဘဝအတွက် မျှော်လင့်ချက်သည် ကောင်းမွန်လျက်ရှိနေပါသည်။

သတင်းအရင်းအမြစ် ။ ။ ယူနန်နေ့စဉ်သတင်းစာ

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006