၂၀၂၀ ခုနှစ် နွေဦးရာသီတွင် ယူနန်ပြည်နယ်၏ မိုးခေါင်မှုကြောင့် တစ်ပြည်နယ်လုံးရှိ လူဦးရေစုစုပေါင်း ၃၅.၃၆ သိန်းသည် သဘာဝကပ်ဘေးကို ခံစားကြရသည်။ ၆၂၃.၁ ဟက်တာရှိ လယ်ယာစိုက်ပျိုးရေးသီးနှံဧရိယာသည် မိုးခေါင်ရေရှားမှုဒဏ်ခံရပြီး ၎င်းတို့အနက် ၁၁.၉ ဟက်တာမှာ ရိတ်သိမ်းနိုင်ခဲ့ခြင်း မရှိဘဲ စီးပွားရေးတိုက်ရိုက်ဆုံးရှုံးမှု ပမာဏမှာ တရုတ်ယွမ်ငွေ ၁.၈၈ ဘီလီယံ (ဒေါ်လာ ဝ.၂၆၃ ဘီလီယံ)ရှိကြောင်း သတင်းအရသိရပါသည်။ လက်ရှိအချိန်တွင် ယူနန်ပြည်နယ် နေရာအနှံ့၌ မိုးခေါင်ခြင်းကို စနစ်တကျ ကာကွယ်ထိန်းချုပ်နေပါသည်။
မေလ ၂၁ ရက်နေ့အထိ ယူနန်ပြည်နယ် ကျောင်းထွန်းမြို့ရှိ လယ်ယာစိုက်ပျိုးရေးသီးနှံဧရိယာ ၁၉၆၄၀ ဟက်တာသည် မိုးခေါင်ရေရှားမှုဒဏ်ခံရပြီး လူဦးရေစုစုပေါင်း ၁၃.၀၅ သိန်းနှင့် အိမ်မွေးတိရစ္ဆာန် အကောင် ၃၇၉၀၀ သည် သောက်သုံးရေရှားပါးခြင်းနှင့် ရင်ဆိုင်ကြရပါသည်။ မေလ ၆ ရက်နေ့အထိ ကျောင်းထွန်းမြို့သည် မိုးခေါင်ခြင်းကာကွယ်ထိန်းချုပ်ရေးအတွက် တရုတ်ယွမ်ငွေ ၁၁၇.၇၂ သိန်း (ဒေါ်လာ ၁၆.၄၉ သိန်း) ရင်းနှီးမြုပ်နှံခဲ့ပါသည်။
မေလ ၁၉ ရက်နေ့အထိ ယူနန်ပြည်နယ် တာ့လီပိုင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် မြစ် ၇၃ စီးမှာ ရေပြတ်တောက်ခြင်း၊ ရေလှောင်ကန် ၄၀ ခုတွင် ရေခန်းခြောက်ခြင်းများဖြစ်ပေါ်ပြီး လယ်ယာစိုက်ပျိုးရေးသီးနှံ ၂၅၉၀ ဟက်တာသည် မိုးခေါင်မှုကြောင့် ထိခိုက်ရပါသည်။ လက်ရှိတွင် တာ့လီပြည်နယ်ခွဲသည် မိုးခေါင်ရေရှားမှုကာကွယ်ရေးအတွက် တရုတ်ယွမ်ငွေ ၆၈၇.၇၇၈ သိန်း (ဒေါ်လာ ၉၆.၃၈ သိန်း) ရင်းနှီးမြုပ်နှံထားပါသည်။
သတင်းအရင်းအမြစ်။ ။ယူနန်နေ့စဉ်သတင်းစာ