ယခုလ ၂၅ ရက်နေ့က ၁၃ကြိမ်မြောက်တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယအကြိမ်အစည်းအဝေးတွင်ကျင်းပသော “ဝန်ကြီးများလမ်းကြောင်း”၌ တရုတ် စက်မှုနှင့် ဆက်သွယ်ရေး ဝန်ကြီး မြောင်ဝေက လက်ရှိတရုတ်ပြည်တွင် ပျမ်းမျှအားဖြင့် အပတ်စဉ် 5G အခြေခံစခန်း ၁ သောင်းကျော် အသစ်တည်ဆောက်မှုရှိကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။
မြောင်ဝေက 5G ဆိုင်ရာ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် အခြေခံစခန်း များပြားလာသည်နှင့်အမျှ 5G အသုံးပြုမှုလည်း တိုးပွားလာမည်ဖြစ်ကြောင်း၊ ပီကင်းဆောင်းရာသီ အိုလံပစ် အားကစားပြိုင်ပွဲတွင် ပိုမိုများပြားသောနေရာများ၌ သုံးစွဲသူများအတွက် ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။