ယူနန်ပြည်နယ် ကျီးနော်တိုင်းရင်းသားလူမျိုးတို့၏ အသံကို ပေကျင်းသို့ သယ်ဆောင်

2020-05-29 17:46:57 |သတင်းအရင်းအမြစ်

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးမကျင်းပမီတွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အစည်းအဝေးကိုယ်စားလှယ်၊ ယူနန်ပြည်နယ် ကျင်ဟုန်မြို့ လော့ထယ့်ကျေးရွာ တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူးဖြစ်သူ လော်အားအင်းသည် ကျေးရွာရေးရာ ကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်၍ ပြည်သူပြည်သားများထံမှ သဘောထားအကြုံပြုချက်များကို စုဆောင်းခဲ့သည်။

လော့ထယ့်ကျေးရွာသည် ယခင်က ဆင်းရဲလှသော ကျေးရွာတစ်ခုဖြစ်သော်လည်း ယခုအချိန်တွင် တစ်ရွာလုံးသည် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာပြီးဖြစ်ပါသည်။ လက်ရှိအချိန်တွင် လော့ထယ့်ကျေးရွာ ရွာသူရွာသားများ၏ ပျမ်းမျှအသားတင်ဝင်ငွေမှာ တရုတ်ယွမ်ငွေ ၁၁၃၀၀ (ဒေါ်လာ ၁၅၇၈.၇ )သို့ ရောက်ရှိလာပါသည်။ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာသော ကျီးနော်ကျေးရွာရှိ မိသားစုတိုင်းတွင် မော်တော်ဆိုင်ကယ်နှင့် စမတ်ဖုန်းတို့ကို ဝယ်ယူခဲ့ကြပြီး တစ်ချို့မှာ အိမ်စီးကား ဝယ်စီးကြသည်။

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အစည်းအဝေးကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရစဉ်ကတည်းက လော်အားအင်းသည် ရွာသူရွာသားများ၏ မျှော်လင့်ချက်နှင့် အသံကို ပေကျင်းသို့၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးသို့ သယ်ဆောင်သွားရန် စဉ်းစားထားပါသည်။ ၂၀၁၉ ခုနှစ်တွင် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးတွင် တင်ပြခဲ့သော “ကျေးလက်ဒေသဆရာဝန် လုပ်ခလစာတိုးပေးခြင်း” ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီး လက်ရှိတွင် ကျေးလက်ဒေသဆရာဝန်ဆိုင်ရာ လူမှုဖူလုံရေးထောက်ပံ့ငွေသည် လစဉ်တရုတ်ယွမ်ငွေ ၈၉၀ (ဒေါ်လာ ၁၂၄.၄)မှ တရုတ်ယွမ်ငွေ ၁၂၀၀ (ဒေါ်လာ ၁၆၇.၇)သို့ တိုးမြှင့်ထားကြောင်း လော်အားအင်းက ပြောပြပါသည်။

ယခုနှစ် COVID-19 ရောဂါဖြစ်ပွားသောကြောင့် တရုတ်နိုင်ငံသည် ထိခိုက်မှုရှိသော်လည်း တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစံချိန်သည် အပြောင်းအလဲ မရှိခဲ့ပါ။ ၂၀၂၀ ခုနှစ် တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစံချိန်သည် လူတစ်ဦးချင်းအသားတင်ဝင်ငွေ တရုတ်ယွမ် ၄၀၀၀ (ဒေါ်လာ ၅၅၉.၁) ဖြစ်ပါသည်။ ဝင်ငွေစံချိန်မှအပြင် “အစာစားရန်စိုးရိမ်စရာမရှိ”၊ “ဝတ်ဆင်ရန်စိုးရိမ်စရာမရှိ” နှင့် “အခြေခံပညာသင်ယူရန် အာမခံရှိခြင်း”၊ “အခြေခံဆေးဝါးကုသရန် အာမခံရှိခြင်း”၊ “ဘေးကင်းလုံခြုံသော နေအိမ်တွင် နေထိုင်ရန် အာမခံရှိခြင်း” အစရှိသော စံချိန်များကိုလည်း သတ်မှတ်ထားပါသည်။

သတင်းထောက် ။ ။ တိုက်ကျင့်ဟွာ (ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006