တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးမှ ယူနန်ကိုယ်စားလှယ်အဖွဲ့၏ အသံ

2020-05-29 17:51:14 |သတင်းအရင်းအမြစ် Yunnan Gateway

၂၀၂၀ ခုနှစ် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးတွင် ယူနန်ပြည်နယ် ကိုယ်စားလှယ်အဖွဲ့မှ ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ ဇီဝပတ်ဝန်းကျင်၊ နယ်စပ်ဒေသ အများပြည်သူ့ ကျန်းမာရေးဝန်ဆောင်မှုစနစ်၊ ကျေးရွာဒေသရှိ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့် ကိစ္စရပ်များအပေါ် အာရုံစိုက်၍ တင်ပြအကြုံပြုကြပါသည်။

“လုပ်ငန်းအသီးသီးတွင် 5G အသုံးပြုမှုကို တွန်းတင်ဆောင်ရွက်ရမည်” ဟု ယူနန်ပြည်နယ်ကိုယ်စားလှယ်အဖွဲ့မှ China Mobile Communications Group Co., Ltd ဒါရိုက်တာ ရန်ကျယ်က ပြောသည်။ 5G ကဲ့သို့သော အခြေခံအဆောက်အဦးအသစ်ကို လျင်မြန်စွာ တည်ဆောက်ပြီး 5G ဖြင့် လုပ်ငန်းပြောင်းလဲမြှင့်တင်ခြင်းနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် တွန်းတင်ဆောင်ရွက်ကြောင်း၊ 5G ဖြင့် ပြည်သူ့ဘဝအတွက် အဆင်ပြေစေရန် အကျိုးဆောင်ပြီး ချမ်းသာသုခခံစားကြရစေရန် ရန်ကျယ်က အကြုံပြုသည်။

ယူနန်ပြည်နယ် ကျောင်းထွန်းမြို့ မြို့တော်ဝန် ကောတာ့ကျင့်က ဇီဝကာကွယ်ထိန်းသိမ်းရေးအတွက် လျော်ကြေးထောက်ပံ့ရေးစနစ်ကို ပိုမိုပြည့်စုံလာသင့်ကြောင်း အကြုံပြုပါသည်။ ဇီဝပတ်ဝန်းကျင်ကာကွယ်ရေးသည် စနစ်ကျသော စီမံကိန်းကြီးတစ်ခုဖြစ်ပြီး အာမခံချက်ကို စီစဉ်ဆောင်ရွက်ပေးရမည်ဟု ကောတာ့ကျင့်က ယုံကြည်ပါသည်။ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ အထူးသဖြင့် ဆင်းရဲနွမ်းပါးသော နေရာဒေသဆိုင်ရာ “လယ်မြေမှ သစ်တောအဖြစ် တည်ဆောက်ခြင်း”စီမံကိန်း (တရုတ်နိုင်ငံဆိုင်ရာ သစ်ပင်စိုက်ပျိုးရေးစီမံကိန်း ဖြစ်ပြီး ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးအတွက် နေရာဒေသအခြေအနေကို မူတည်၍ သစ်ပင်စိုက်ပြီး သစ်တောပြန်ဖြစ်လာစေသည်။) နှင့် ဇီဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုမှ လွှတ်မြောက်လာခြင်း စီမံကိန်း (ဇီဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာခြင်းကို ပေါင်းစပ်ဆောင်ရွက်သော ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစနစ် ဖြစ်သည်။) အတွက် ပိုမိုထောက်ပံ့ဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် အနောက်ပိုင်း ဒေသဆိုင်ရာ ဇီဝကာကွယ်ထိန်းသိမ်းရေးအတွက် လျော်ကြေးထောက်ပံ့ရေးစနစ်ကို တည်ထောင်ပြီး အနောက်ပိုင်းဒေသ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးသင့်သည်ဟု ကောတာ့ကျင့်က အကြုံပြုပါသည်။

သတင်းအရင်းအမြစ် ။ ။ Yunnan Gateway

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006