ဇွန်လ ၂ ရက်နေ့က မောင်းသူမဲ့လေယာဉ်ဖြင့် ရိုက်ကူးထားသော ယူနန်ပြည်နယ် ချူးပေခရိုင် ဖူဇီဟေးရှမ်းရိန်တွန့်ကျေးရွာကို တွေ့ရစဉ်။
ယူနန်ပြည်နယ် ဖူဇီဟေးရှမ်းရိန်တွန့်ကျေးရွာသည် ယခင်က ဆင်းရဲပြီး ခေတ်နောက်ကျလွန်းသော ရီတိုင်းရင်းသားလူမျိုး၊ ဆာနီလူမျိုး တို့နေထိုင်သော ကျေးရွာဖြစ်ပါသည်။ ဖူဇီဟေးရှုခင်းသာရပ်ကွက်ကို ဖွံ့ဖြိုးတိုးတက်စေပြီးနောက် ဖူဇီဟေးရှမ်းရိန်တွန့်ကျေးရွာသည် ဒေသအားသာချက်ဖြစ်သော သဘာဝအရင်းအမြစ်ကို အမှီပြု၍ ကျေးရွာခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေခဲ့ရာ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာ၍ ချမ်းသာသောဘဝကို ဦးတည်လာကြပါသည်။
ဇွန်လ ၂ ရက်နေ့က မောင်းသူမဲ့လေယာဉ်ဖြင့် ရိုက်ကူးထားသော ယူနန်ပြည်နယ် ချူးပေခရိုင် ဖူဇီဟေးရှမ်းရိန်တွန့်ကျေးရွာကို တွေ့ရစဉ်။
ဖူဇီဟေးရှမ်းရိန်တွန့်ကျေးရွာရှိ အိမ်ထောင်စု ၁၉၀ စုသည် နေအိမ်၊ ရေကန်စသည့် အရင်းအမြစ်ကို အသုံးချ၍ ကျေးရွာဟိုတယ်၊ နေအိမ်ဟိုတယ် စသည်တို့ကို ဖွံ့ဖြိုးတိုးတက်စေပြီး ခရီးသည်များစွာကို ဆွဲဆောင်လာနိုင်ခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် ဖူဇီဟေးရှမ်းရိန်တွန့်ကျေးရွာ ရွာသူရွာသားများ၏ တစ်ဦးချင်းအသားတင်ဝင်ငွေမှာ တရုတ်ယွမ်ငွေ ၄၀၀၀၀ (၅၆၂၆ ဒေါ်လာ)သို့ ရောက်ရှိလာပြီး ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ပြီး ချမ်းသာသုခနှင့်ပြည့်စုံသောဘဝဆီသို့ ဦးတည်လှမ်းချီနေပြီဖြစ်ပါသည်။
သတင်းထောက် ။ ။ ရန်ဇွန်ယုပ် (ဆင်ဟွာသတင်းဌာန)