ယူနန်ပြည်နယ် ဖုယွမ်ခရိုင်သည် တစ်ချိန်က ကျော်ကြားသော ဆင်းရဲနွမ်းပါးဒေသတစ်ခု ဖြစ်ပါသည်။ လတ်တလောနှစ်ပိုင်းတွင် ဒေသန္တရအစိုးရသည် စိုက်ပျိုးရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေပြီး တစ်ခရိုင်လုံးတွင် ဆေးရွက်ကြီးပင် ၉၂၀၀၀ ဧက၊ ဝဥ ၁၃၅၀၀၀ ဧကအပြင် သလဲသီး၊ အဝါရောင်မက်မွန်သီး၊ ကီဝီသီးများ ကိုလည်း စိုက်ပျိုးကာ ပြည်သူပြည်သားများအတွက် ဝင်ငွေရလမ်းကို ကျယ်ပြန့်စေခဲ့သည်။ တစ်ခရိုင်လုံးရှိ ဆင်းရဲနွမ်းပါးအိမ်ထောင်စု ၂၁၄၆၆ စုအတွက် နှစ်စဉ်ပျမ်းမျှဝင်ငွေတရုတ်ယွမ် ၃၀၀၀ (ဒေါ်လာ ၄၂၃.၉) အထက် ပိုလာပါသည်။ ထို့အပြင် ဖုယွမ်ခရိုင်တွင် စက်ရုံ ၄၃ ရုံကို တည်ဆောက်ပြီး ဒေသခံ ၄၃၀၀ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်း စီစဉ်ပေးပါသည်။
လက်ရှိအချိန်ထိ ဖုယွမ်ခရိုင်အစိုးရသည် စုစုပေါင်းတရုတ်ယွမ် ၁၁.၉၁ ဘီလီယံ (ဒေါ်လာ ၁.၆၈ ဘီလီယံ) ရင်းနှီးမြုပ်နှံ၍ ဆင်းရဲနွမ်းပါးကျေးရွာအုပ်စု ၈ ခု၊ ဆင်းရဲနွမ်းပါးကျေးရွာ ၁၃၀ ရွာရှိ အိမ်ထောင်စု ၂၅၃၆၇ စု၊ လူဦးရေ ၁၁၀၅၉၃ ဦးအတွက် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်လာရန် အထောက်အကူပြုစေခဲ့ပါသည်။
သတင်းထောက် ။ ။ လီဇွန်ယွံ (ဆင်ဟွာသတင်းဌာန)