တရုတ်ပြည်အနေနှင့် “တရုတ်၊ အမေရိကန်၊ ရုရှား သုံးပွင့်ဆိုင် လက်နက် ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲ”တွင် ပါဝင်ရန် ဆန္ဒမရှိကြောင်း၊ ယင်းသဘောထား ရပ်တည်ချက်သည် တစ်လျှောက်လုံး ရှင်းလင်းပြတ်သားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယဉ်က ၉ ရက်နေ့က ကျင်းပခဲ့သော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ထပ်လောင်းပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။