နှစ် ၇၀ ပြည့်အခါသမယမှသည် တရုတ်-မြန်မာ ဆက်ဆံရေးခေတ်သစ်သို့ လှမ်းချ
မြန်မာလုပ်ငန်းရှင်ညီအစ်ကိုတို့ ။ ။ပူးပေါင်းဆောင်ရွက်မှုအတူတကွ ဖော်ဆောင်ရင်း ချစ်ကြည်ရေးကိုမြှင့်တင်

2020-06-11 16:52:11 |သတင်းအရင်းအမြစ် 澜湄趴

အယ်ဒီတာအညွှန်း

၂၀၂၀ ပြည့်နှစ်က အမှတ်ရစရာကောင်းမွန်တဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယကို ဂုဏ်ပြုကြိုဆိုကြပါတယ်။ အချိန်ကာလမှတ်တမ်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ တည်တံ့ခိုင်မြဲတဲ့ အစဉ်အလာပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းနေပါတယ်။ စိတ်နှလုံးချင်း နီးစပ်ပြီး လက်တွဲတာ၊ အချင်းချင်း ရိုင်းပင်းကူညီထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အတုယူလေ့လာတာ၊ အကျိုးတူအောင်သီးအောင်နှံ အတူရရှိတာ စတာတွေ ဖော်ဆောင်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အလွှာပေါင်းစုံက ပုဂ္ဂိုလ်တွေဟာ ဖော်ပြပါအချက်တွေကို အတူဖတ်ရှုပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးခေတ်သစ်ကို လျှောက်လှမ်းနိုင်ဖို့ အတူကြိုးစားဆောင်ရွက်စို့။



သူတို့ဟာ ချစ်ခြင်းမေတ္တာနက်ရှိုင်းတဲ့ ညီအစ်ကိုပါ။ အချင်းချင်း ယုံကြည်ကြတဲ့၊ စိတ်တူသဘောတူကြတဲ့ လုပ်ငန်းထူထောင်ခြင်းမိတ်ဖက်လည်း ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ လျူကျိန်ရှန်ဟာ မြန်မာနိုင်ငံ ဖူလီလိုက်ကုမ္ပဏီအုပ်စုရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးပါ။ ညီဖြစ်သူ လျူကျိန်ချီကတော့ ၎င်းကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌပါ။ ယင်းညီအစ်ကိုတို့ဟာ စိတ်ညီလက်ညီဖြင့် အိပ်မက်ကို ဖော်ဆောင်လာကြတာနဲ့အညီ ထူးခြားတဲ့နည်းလမ်းများနဲ့ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးတဲ့ ဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို မျက်မြင်ကိုယ်တွေ့ ဖြစ်ကြပါတယ်။

အကျိုးတူအောင်မြင်ခြင်း ။ ။ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်တင်လျက်ရှိ

“မြန်မာ-တရုတ် နှစ်နိုင်ငံ အတူတည်ဆောက်တဲ့ ချင်ရွှေဟော်နယ်စပ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် စီမံချက်ကို ဖော်ဆောင်ဖို့ တွန်းတင်လာတာနဲ့အမျှ မြန်မာနိုင်ငံဟာ ပိုများတဲ့ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းတွေကို ကြုံတွေ့လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။” လျူကျိန်ရှန်ဟာ တရုတ်-မြန်မာ နယ်စပ်ဒေသမှာ တည်ရှိတဲ့ ချင်ရွှေဟော်နယ်စပ်ဂိတ်ကို အကြိမ်ပေါင်းများစွာ သွားရောက်လေ့လာခဲ့ပါတယ်။ “The Belt and Road”အဆိုပြုချက်နဲ့ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံတည်ဆောက်ရာမှာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းအကြား နယ်စပ်ဒေသစီးပွားရေးဇုန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖော်ဆောင်ရင်း ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေပြီး အပြန်အလှန် ချိတ်ဆက်ခြင်းကို ဖြစ်မြောက်နိုင်မယ်လို့ သူက ယုံကြည်ပါတယ်။ ဒါ့ကြောင့် လျူကျိန်ရှန်ဟာ သူတို့ကုမ္ပဏီအုပ်စုရဲ့ သက်ဆိုင်ရာစီမံကိန်းတွေမှာ တိုးချဲ့မှုနဲ့ အခင်းအကျင်းကို ကြိုတင်စီစဉ်ပြုလုပ်ခဲ့ပါတယ်။

ယခုနှစ်ပိုင်းမှာ မြန်မာနိုင်ငံဖူလီလိုက်ကုမ္ပဏီအုပ်စုဟာ တရုတ်လုပ်ငန်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်နေ့တခြား နက်ရှိုင်းစွာ မြှင့်တင်ဖော်ဆောင်လျက်ရှိနေပါတယ်။ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံဖူလီလိုက်ကုမ္ပဏီအုပ်စုဟာ တရုတ်နိုင်ငံ တာထန်းကုမ္ပဏီလီမိတက် မြန်မာနိုင်ငံအခြေစိုက်ရုံးခွဲနဲ့ စီမံကိန်းပူးပေါင်းဆောင်ရွက်မှုမှာ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကိုလည်း အတူတကွ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ “ဒီစာချုပ်ကို လက်မှတ်ရေးထိုးတာဟာ နှစ်ဦးနှစ်ဖက်တို့ ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုရဲ့ သင်္ကေတတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းကောင်းကို ရင်ဆိုင်လာရပါတယ်။”တရုတ်လုပ်ငန်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအမျိုးမျိုးကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ သူတို့ဟာ ဒေသအတွက် ပိုမို များပြားလာတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးတဲ့အပြင် လုပ်ငန်းအဆင့်မြှင့်တင်ပြောင်းလဲမှုတွေကိုလည်း ဖြစ်ထွန်းစေခဲ့ပါတယ်လို့ လျူကျိန်ရှန်က ပြောပြပါတယ်။

နက်ရှိုင်းတဲ့ သံယောဇဉ် ။ ။ ချစ်ကြည်ရေးတိုးပွားလာတာနဲ့အတူ ဖလှယ်ရေးကို မြှင့်တင်နိုင်ခဲ့

၂၀၁၉ ခုနှစ် နိုဝင်ဘာလက ယူနန်ပြည်နယ် လင်ချန်းမြို့မှာ ၇ ကြိမ်မြောက် အာရှတိုက် Microfilm အနုပညာပွဲတော်ကို ဆင်နွှဲတဲ့ကာလအတွင်းမှာ လျူကျိန်ချီဟာ ယူနန်အရှေ့ပိုင်း နည်းပညာနဲ့ ဆရာအတတ်သင်တက္ကသိုလ်ကို သွားရောက်ခဲ့ပါတယ်။ ပညာတော်သင်ယူနေကြတဲ့ မြန်မာကျောင်းသူကျောင်းသား ၁၈ ယောက်ကို စာရေးကိရိယာတွေ ပံ့ပိုးပေးခဲ့ပါတယ်။ “မွေးရပ်မြေကလက်ဆောင်ကို ရရှိတဲ့အတွက် ကျွန်တော်တို့ အလွန် ဝမ်းမြောက်မိပါတယ်”လို့ ကျောင်းသားတစ်ယောက်က စိတ်လှုပ်ရှားပြီး ပြောပြပါတယ်။

“မြန်မာ-တရုတ် ပညာရေးဖလှယ်ရေးဟာ နှစ်နိုင်ငံလူငယ်များအကြား စိတ်နှလုံးချင်း နီးစပ်စေပါတယ်။ နှစ်ဖက်တို့ဟာ ပိုမို သိကျွမ်းလာကြပါတယ်။”သူတို့ဟာ မြန်မာနိုင်ငံက လူငယ်တွေက ပညာရေးကို အလေးထား ဂရုစိုက်ကြကြောင်း၊ မြန်မာနိုင်ငံလူငယ်တွေဟာ တရုတ်နိုင်ငံ ဒေသအသီးသီးသို့ သွားရောက်ပြီး ပညာသင်ယူနိုင်ဖို့ နှစ်စဉ်နှစ်တိုင်း သူတို့ကုမ္ပဏီအုပ်စုဟာ ပညာတော်သင်ဆုကို ထောက်ပံ့ပေးလေ့ရှိကြောင်း၊ ပိုမို များပြားလာတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ တရုတ်နိုင်ငံရဲ့ လူနေမှု၊ နည်းပညာနဲ့ ပညာရေး ပိုပြီး သိရှိဖို့ ရည်ရွယ်ကြောင်း စတာတွေကို လျူကျိန်ချီက ပြောပြပါတယ်။

“လတ်တလောမှာ ကျွန်တော်တို့ ကူညီပံ့ပိုးတဲ့ ကျောင်းသူကျောင်းသားတွေဟာ တရုတ်နိုင်ငံ ကူမင်းမြို့၊ လင်ချန်းမြို့ စတဲ့ ဒေသတွေမှာ ပညာသင်ယူနေကြပါတယ်။”ယင်းကျောင်းသူကျောင်းသားတွေဟာ ပိုမို ကြွယ်ဝပေါများတဲ့ ဗဟုသုတတွေကို သင်ယူပြီး မိမိအရည်အချင်းကို မြှင့်တင်ဖို့၊ ကျောင်းပြီးလို့ ဇာတိကို ပြန်ရောက်မယ့်အချိန်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလုပ်ဆောင်နိုင်ဖို့ လျူကျိန်ချီဟာ မျှော်လင့်ထားပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဒေသမှာ ဆန်းတင့်ဝေဆာလှတဲ့ ဖလှယ်ရေးလှုပ်ရှားမှုတွေကို ကျင်းပလေ့ရှိပါတယ်။“မြန်မာ-တရုတ် ချစ်ကြည်ရေးလှုပ်ရှားမှုတွေဟာ‘ပေါက်ဖော်’ချစ်ကြည်ရေးကို ထင်ရှားပေါ်လွင်လာစေပါတယ်။ ၎င်းလှုပ်ရှားမှုကို ပါဝင်ဆင်နွှဲတဲ့အခါ ကျွန်တော်တို့ လေးနက်တဲ့ အစဉ်အလာချစ်ကြည်ရေးကို အချင်းချင်း အမြတ်တနိုး ထားရပါမယ်။”တရုတ်နိုင်ငံ ကျိန့်ခန်ခရိုင်မှာ ကျင်းပတဲ့ ၂၀၁၉ ခုနှစ် ၁၃ ကြိမ်မြောက် တရုတ်-မြန်မာ ချစ်ကြည်ရေးအားကစားပြိုင်ပွဲကို မစတင်မီ လျူကျိန်ချီဟာ လူငယ်လက်ရွေးစင်တွေနဲ့ မျှဝေပေးခဲ့ပါတယ်။

နေ့စဉ်ဘဝနဲ့အလုပ်ခွင်မှာ လျူကျိန်ရှန်နဲ့ လျူကျိန်ချီတို့ဟာ “ချစ်ကြည်ရေး ခင်မင်မြတ်နိုးမှုကို အလွန်တန်ဖိုးထား”ပြီး လိုလေသေးမရှိ လုပ်ဆောင်ကြပါတယ်။ ဒီနှစ်ဟာ တရုတ်-မြန်မာနှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည့်မြောက်တဲ့ အခါသမယဖြစ်ပါတယ်။ မြန်မာ-တရုတ်နှစ်နိုင်ငံ အစဉ်အလာချစ်ကြည်ရေးကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းနိုင်ပါစေ။ နှစ်နိုင်ငံချစ်ကြည်ရေး မြှင့်တင်ရာတွင် ပိုမို များပြားတဲ့ တရုတ်လုပ်ငန်းအဖွဲ့များနဲ့ အနာဂတ်မှာ အကျိုးတူအောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်နိုင်ဖို့ သူတို့ မျှော်လင့်ထားကြပါတယ်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006