အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

2020-06-11 17:14:35 |သတင်းအရင်းအမြစ် CRI

ယခုလ ၁၀ ရက်နေ့က ကျင်းပသည့် ပီကင်း ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်ယဉ်က တရုတ်ပြည်သည် အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း၊ တရုတ်ပြည် အနေနှင့် ယင်းအလုပ်ကို မကျွမ်းကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

သက်ဆိုင်ရာ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ရာ၌ ဟွာချွမ်ယဉ်က တရုတ်ပြည် သည် အပြန်အလှန်လေးစားရေးနှင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုရေးမူ၏ အခြေခံပေါ်တွင် အခြားနိုင်ငံများနှင့် ဆက်ဆံမှု ဖွံ့ဖြိုး စေရေးကို တစ်လျှောက်လုံး စွဲကိုင်ထားကြောင်း၊ အခြားနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းသည် တရုတ် သံတမန်ရေးရာ မျိုးရိုးလိုက်ခြင်း မဟုတ်သကဲ့သို့၊ တရုတ်ပြည်အနေနှင့် ၄င်းကို မကျွမ်းကျင်ကြောင်းလည်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006