တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာခင် ရက်များက နင်ရှတွင် ကွင်းဆင်းလေ့လာ စစ်ဆေးကြည့်ရှုရာတွင် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ မူဝါဒနှင့် သက်ဆိုင်ရာစီစဉ်ပေးမှုများကို ဘက်စုံ လက်တွေ့ အကောင်အထည် ဖော်ဆောင်ပြီး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်သည့် လုပ်ငန်းဆိုင်ရာ အခြေခံ အနှစ်သာရနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြံဆချက်သစ်များကို စွဲကိုင်ကာ ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးနှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေးမှ လုပ်ငန်းဆိုင်ရာ စီစဉ်ပေးမှုများကို လက်တွေ့ဖော်ဆောင်ရ မည်ဖြစ်ကြောင်း၊ COVID-19၏ ဆိုးကျိုးများကို ကျော်လွှားရန် ကြိုးပမ်းဆောင်ရွက်ပြီး အလုပ်အကိုင်နေရာ ချထားရေးနှင့် ပြည်သူတို့၏ စားဝတ်နေရေး အာမခံပေးရေးကို ဦးစားပေး ဆောင်ရွက်ကာ အတော်အသင့် ချမ်းသာသည့် လူ့ဘောင်အဖွဲ့အစည်း ဘက်စုံတည်ဆောက်ပြီးစီးရေးနှင့် ဆင်းရဲမှု ပပျောက်စေရေး လုပ်ငန်းကို ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထို့အပြင် စီးပွားရေး စည်ပင်သာယာမှု၊ တိုင်းရင်းသား လူမျိုးစု စည်းလုံးညီညွတ်မှု၊ သဘာဝ ပတ်ဝန်းကျင် သာယာလှပမှုနှင့် ပြည်သူတို့ ကုံလုံကြွယ်ဝသော နေထိုင်မှု ရှိသည့် နင်ရှအသစ်ကို ဆက်တိုက် တည်ဆောက်မည် ဖြစ်ကြောင်း ပြောကြားသည်။