၁၂၇ ကြိမ်မြောက်တရုတ်သွင်းကုန်နှင့် ပို့ကုန်ကုန်စည်ပြပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ အွန်လိုင်းဖြင့်ကျင်းပမည် ဖြစ်သည်။ ယင်းသည် ၆၃ နှစ်ကြာသမိုင်းရှိသော တရုတ်သွင်းကုန်နှင့် ပို့ကုန်ကုန်စည်ပြပွဲကို ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်းပုံစံဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုအကြိမ် ကုန်စည်ပြပွဲသည် ပါဝင်ကြသူများအတွက် အခမဲ့ဖွင့်လှစ်မည် ဖြစ်ပြီး ကုန်စည်ပြပွဲ၏ ဖွဲ့စည်းပုံနှင့် ကျင်းပရေး အစီအစဉ်များကို တမူဆန်းသစ်သော ဒီဇိုင်းဆွဲခြင်း ရှိကြောင်း၊ ထို့အပြင် ယခုအကြိမ် ကုန်စည်ပြပွဲသည် ပူးပေါင်းဆောင်ရွက်မှုရှေ့အလားအလာကို ဆက်လက်ဖော်ထုတ်ပြီး “Belt and Road”ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အဆင့်သစ်သို့ ရောက်ရှိရန် တွန်းအားပေးမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။