တရုတ်နိုင်ငံ Tengyun ကုမ္ပဏီမှ သတင်းအရ ယူနန်တွင်လည်ပတ်ခြင်း ပုံမှန်တိုက်ရိုက်ထုတ်လွှင့်မှုသည် ဇွန်လ ၁၁ ရက်နေ့တွင် ဂျာမနီနိုင်ငံရှိ EarthTV အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် ရွေးချယ်လိုက်ပြီး ပထမဆုံးအသုတ် တိုက်ရိုက်ထုတ်လွှင့်မှု ၈ ခုကို EarthTV ဝဘ်ဆိုက်နှင့် Youtube စသည့် နိုင်ငံတကာ အင်တာနက်ဗီဒီယိုပလက်ဖောင်းတွင် အချိန်နှင့်တပြေးညီ တပြိုင်တည်း ထုတ်လွှင့်ခဲ့ရာ ၎င်းသည် EarthTV နိုင်ငံတကာပလက်ဖောင်းဖြင့် ကြည့်ရှုနိုင်သည့် ပထမဆုံး တရုတ်နိုင်ငံဆိုင်ရာ တိုက်ရိုက်ထုတ်လွှင့်မှု ဖြစ်ကြောင်း သိရပါသည်။
Tengyun ကုမ္ပဏီနှင့် EarthTV တို့အကြား ဆက်သွယ်ဆွေးနွေးပြီးနောက် ယူနန်ပြည်နယ်ဆိုင်ရာ အထင်ကရ နေရာများ၊ ထူးခြားသော အဆောက်အဦးတို့ကို အဓိကထားသည့် တိုက်ရိုက်ထုတ်လွှင့်မှု ၆၆ ခုကို ရွေးချယ်ကာ တိုက်ရိုက်ထုတ်လွှင့်နေကြောင်း၊ အဆိုပါထုတ်လွှင့်မှုများတွင် လူကူးကန်တော်၊ ယွိလွန်နှင်းတောင်၊ မေလီနှင်းတောင်၊ ချွန်ရှင့်ဘုရားကျောင်း စသည့် ယူနန်ပြည်နယ် ပြည်နယ်ခွဲ ၈ ခုမှ ရှုခင်းသာရပ်ကွက် ၃၇ ခု၏ အကြောင်းအရာများလည်း ပါဝင်ကြောင်း သတင်းအရ သိရပါသည်။
အနာဂတ်တွင် နှစ်ဦးနှစ်ဘက်သည် ရင်းနှီးစွာ ဆွေးနွေးဖလှယ်ပြီး ထုတ်လွှင့်သော ဗီဒီယိုအရည်အသွေးကို မြှင့်တင်ပြီး ပရိသတ်၏အသံများကို ဂရုတစိုက်နားထောင်ကာ ပရိသတ်များအတွက် ပိုမိုကောင်းမွန်သော အလှရှုခင်းမြင်ကွင်းများကို တင်ဆက်ပေးမည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။
သတင်းထောက် ။ ။ လီဟိန်ချန် (ယူနန်နေ့စဉ်သတင်းစာ)