တာ့လီ-လင်ချန်း မီးရထားလမ်းဖောက်လုပ်မှုစတင်ကာ ယူနန်-လင်ချန်းသည် မီးရထားခရီးသွားခေတ်သို့ ဝင်ရောက်မည်

2020-06-16 18:16:13 |သတင်းအရင်းအမြစ် ယူနန်နေ့စဉ်သတင်းစာ

ဇွန်လ ၁၅ ရက်နေ့တွင် တာ့လီ-လင်ချန်း မီးရထားလမ်းကို တရားဝင်စတင်ဖောက်လုပ်ခဲ့ရာ တာ့လီ-လင်ချန်း မီးရထားလမ်း ပုံမှန်လည်ပတ်ဆောင်ရွက်မှုတွင် အထောက်အကူပြုကြောင်း သတင်းအရသိရပါသည်။

တာ့လီ-လင်ချန်း မီးရထားလမ်းသည် ယူနန်ပြည်နယ် အနောက်တောင်ပိုင်းဒေသတွင် တည်ရှိပြီး တာ့လီ၊ ဝေးရှမ်း၊ လင်ချန်းတို့ကို ချိတ်ဆက်ထားကာ ၂၀၂ ကီလိုမီတာရှိပါသည်။ မီးရထားလမ်းပုံမှန်လည်ပတ်ချိန်တွင် ကူမင်းမှ လင်းချန်းခရီးကို ၃ နာရီဝန်းကျင်ဖြင့် ရောက်ရှိနိုင်ပြီး ယူနန်ပြည်နယ် လင်ချန်းမြို့ဆိုင်ရာ မီးရထားလမ်းမရှိသော သမိုင်းကို အဆုံးသတ်သွားမည်ဖြစ်သည်။

တာ့လီ-လင်ချန်း မီးရထားလမ်းသည် တရုတ်-မြန်မာ မီးရထားလမ်း၏ တရုတ်နိုင်ငံဘက်ရှိ အရေးပါသော အစိတ်အပိုင်း ဖြစ်ပါသည်။ မီးရထားလမ်းပြီးစီးပြီးနောက် လင်းချန်း-ချင်းရွှေဟယ် ရထားလမ်းနှင့် ဆက်သွယ်၍ တရုတ်နိုင်ငံမှ တောင်အာရှ၊ အရှေ့တောင်အာရှသို့ သွားရောက်နိုင်သော အမြန်ဆုံးကုန်းပိုင်းလမ်းကြောင်း ဖြစ်လာပြီး တရုတ်နိုင်ငံဆိုင်ရာ တောင်အာရှ၊ အရှေ့တောင်အာရှ၏ တံခါးဖွင့်အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သတင်းအရသိရပါသည်။

သတင်းအရင်းအမြစ် ။ ။ ယူနန်နေ့စဉ်သတင်းစာ

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006