အရေးကြီးသောသတိပေးချက်

2020-06-17 16:33:05 |သတင်းအရင်းအမြစ်

ယူနန်ပြည်နယ် COVID-19 ထိန်းချုပ်ကာကွယ်ရေးဦးဆောင်မှုအဖွဲ့ ညွှန်ကြားမှုအဖွဲ့အထွေထွေရုံးမှအရေးကြီးသော သတိပေးကြေငြာချက်တစ်ခု ထုတ်ပြန်ရာ ယူနန်ပြည်နယ်သို့ ဝင်ရောက်လာသူ၊ ပြန်လာသူများသည် ယူနန်ပြည်နယ်ဆိုင်ရာ “Fighting COVID-19 in Yunnan” QR သင်္ကေတကျန်းမာရေးစီမံခန့်ခွဲမှုစနစ်ကို ဦးစွာလုပ်ဆောင်ရမည်ဖြစ်ပြီး အန္တရာယ်မြင့်မားသောနေရာဒေသမှ ယူနန်ပြည်နယ်သို့ ရောက်ရှိလာသူများကို (၁၄)ရက်ကြာသီးသန့်ထားကာအသွားအလာကန့်သတ်မည်ဖြစ်ကြောင်း သိရပါသည်။

လက်ရှိအချိန်တွင် နိုင်ငံတကာဆိုင်ရာ COVID-19 ရောဂါအခြေအနေမှာ မသေချာမရေရာမှုများရှိနေသေးပြီး လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ၏နေရာဒေသတစ်ချို့၌ ဒေသန္တရကူးစက်မှုကို တွေ့ရှိသောကြောင့် ယူနန်ပြည်နယ် COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေးဦးဆောင်မှုအဖွဲ့ ညွှန်ကြားမှုအဖွဲ့အထွေထွေရုံးသည် ဇွန်လ ၁၅ ရက်တွင် အရေးကြီးသော သတိပြုရမည့်အချက်များကို အောက်ပါအတိုင်းထုတ်ပြန်လိုက်ပါသည်။

၁။ မိမိကျန်းမာရေးနှင့်အများပြည်သူဆိုင်ရာကျန်းမာရေးလုံခြုံမှုရရှိရန်အတွက် လွန်ခဲ့သည့် ၁၄ ရက်အတွင်း(မေလ ၃၀ ရက်နေ့မှစ၍) ပေကျင်းမြို့ ရှင်းဖားတိလက်ကားရောင်းချဈေးကွက်သို့ ရောက်ရှိခဲ့သူများသည် ယူနန်ပြည်နယ်သို့ ရောက်လာပါက ဦးစွာနေထိုင်ရာရပ်ကွက် (သို့) ဒေသဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာနှင့် ဆက်သွယ်၍ သက်ဆိုင်ရာစမ်းသပ်စစ်ဆေးခြင်းနှင့် ဆေးဘက်ဆိုင်ရာစီမံခန့်ခွဲခြင်းတို့ကို လိုက်နာဆောင်ရွက်ရမည်။

၂။ လွန်ခဲ့သည့် ၁၄ ရက်အတွင်း(မေလ၃၀ရက်နေ့မှစ၍) ပေကျင်းမြို့ရှိ COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိသူ၊ သံသယရှိသူများနှင့် ရင်းနှီးထိတွေ့ခြင်း(သို့) ခန္ဓာကိုယ်အပူချိန် 37.3℃အထက်ရောက်ရှိခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းစသည့် ထူးခြားသည့်ရောဂါလက္ခဏာများတွေ့ရှိလျှင် မိမိကိုယ်ကိုကာကွယ်ထိန်းချုပ်၍ သတ်မှတ်ထားသောဆေးရုံသို့ သွားရောက်ကာ သက်ဆိုင်ရာစမ်းသပ်စစ်ဆေးခြင်းနှင့် ဆေးဘက်ဆိုင်ရာစီမံခန့်ခွဲခြင်းကို လိုက်နာဆောင်ရွက်ရမည်။

၃။ ယူနန်ပြည်နယ်သို့ ဝင်ရောက်သူ၊ ပြန်လာသူအားလုံးသည် ယူနန်ပြည်နယ်ဆိုင်ရာ“Fighting COVID-19 in Yunnan” QR သင်္ကေတ ကျန်းမာရေးစီမံခန့်ခွဲမှုစနစ်ကို ဦးစွာပါဝင်လုပ်ဆောင်ရမည်ဖြစ်ပြီး အနီရောင်ဒေသ(အန္တရာယ်မြင့်မားသောဒေသ)မှ လာရောက်သူများသည် (၁၄)ရက်ကြာသီးသန့်ထားကာ အသွားအလာကန့်သတ်ထားမည်ဖြစ်ပြီး Nucleic acid ဓာတ်ခွဲစစ်ဆေးခြင်း (၂)ကြိမ်နှင့် သွေးကြည်ရည်အင်တီဘော်ဒီ(IgG/IgM) ဓာတ်ခွဲစစ်ဆေးခြင်း (၁)ကြိမ်လက်ခံရမည်ဖြစ်သည်။ အဝါရောင်ဒေသ (အလတ်စားအန္တရာယ်ရှိဒေသ)မှ လာရောက်သူများသည် လွန်ခဲ့သော ၇ ရက်အတွင်းစစ်ဆေးထားသော Negative ထောက်ခံချက်ကို ပြသရမည်ဖြစ်ပြီး Negative ထောက်ခံချက်မပြနိုင်ပါက Nucleic acid ဓာတ်ခွဲစစ်ဆေးခြင်း (၁)ကြိမ်နှင့် သွေးကြည်ရည်အင်တီဘောဒီ(IgG/IgM) ဓာတ်ခွဲစစ်ဆေးခြင်း (၁)ကြိမ်ကိုလက်ခံရမည်ဖြစ်သည်။

၎။ ယူနန်ပြည်နယ် COVID-19 တိုက်ဖျက်ရေး QR သင်္ကေတကို မိမိဆန္ဒအလျှောက် စကင်ဖတ်ပြီး နှာခေါင်းစည်းတပ်ဆင်ထားမှသာ လူနေရပ်ကွက်၊ လယ်ယာထွက်ကုန်ဈေးကွက်၊ အလုပ်သမားဈေးကွက်၊ အကြီးစားဈေးဝယ်စင်တာ၊ စူပါးမတ်ကတ်၊ စားသောက်ဆိုင်၊ ဆေးရုံ၊ ဆေးဆိုင်၊ မြေအောက်ရထား၊ ဘက်စ်ကား၊ လေဆိပ်၊ ကားဂိတ်နှင့်ဘူတာရုံစသည့် လူအသွားအလာစည်ကားသောနေရာများကို ဝင်ခွင့်ရနိုင်မည်ဖြစ်သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006