ယခုလ ၁၇ ရက်နေ့ညက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပီကင်းမြို့၌ တရုတ်-အာဖရိက သွေးစည်းညီညွတ်ပြီး COVID-19 တိုက်ဖျက်ရေး အထူး ထိပ်သီး အစည်းအဝေးကို ကြီးမှူးကျင်းပပြီး “သွေးစည်းညီညွတ်ပြီး ကူးစက်ရောဂါကို တိုက်ဖျက်၍ အခက်အခဲများကို လက်တွဲ ကျော်လွှားခြင်း” ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားပါသည်။
ရှီကျင့်ဖိန်က၊ ကူးစက်ရောဂါကို ရင်ဆိုင်လျက် တရုတ်နှင့် အာဖရိကနိုင်ငံများသည် အပြန်အလှန် အားပေးထောက်ခံပြီး ကူးစက်ရောဂါကို လက်တွဲ တိုက်ဖျက်ကာ ပိုမို သွေးစည်းညီညွတ်၍ အပြန်အလှန် ယုံကြည်မှုလည်း ပိုမို ခိုင်ခံ့လာကြာင်း၊ တရုတ်နိုင်ငံသည် တရုတ်-အာဖရိက ချစ်ကြည်ရေး အစဉ်အလာကို တန်ဖိုးထားပြီး နိုင်ငံတကာ အခြေအနေ မည်သို့ပင်ပြောင်းလဲစေကာမူ တရုတ်-အာဖရိက သွေးစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးဆိုင်ရာ သန္နိဋ္ဌာန်မှာ ပြောင်းလဲမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် အာဖရိက၏ ကူးစက်ရောဂါ တိုက်ဖျက်ရေးကို ဆက်လက် အစွမ်းကုန် ထောက်ခံမည် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် ပြည်သူများနှင့် ပြည်သူများ၏အသက်ကို ထိပ်ဆုံးနေရာ၌ထားခြင်းကို စွဲကိုင်ပြီး ပြည်သူများ၏ အသက်လုံခြုံရေးနှင့် ကျန်းမာရေးကို အစွမ်းကုန် ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း၊ ကူးစက်ရောဂါ လက်တွဲ တိုက်ဖျက်ရေး၊ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေး၊ နိုင်ငံစုံဝါဒ လက်တွေ့ဖေါ်ဆောင်ကျင့်သုံးရေးနှင့် တရုတ်-အာဖရိက ချစ်ကြည်မှု တိုးမြှင့်ရေးကို ဦးလည်မသုန် စွဲကိုင်ပြီး တရုတ်-အာဖရိက ကျန်းမာရေး အသိုက်အဝန်းနှင့် ပိုမို ရင်းနှီးသော တရုတ်-အာဖရိက ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ထောင်ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ယခုအကြိမ် အစည်းအဝေးတွင် တရုတ်-အာဖရိက သွေးစည်းညီညွတ်ပြီး COVID-19 တိုက်ဖျက်ရေး အထူး ထိပ်သီး အစည်းအဝေး ပူးတွဲကြေညာချက်ကို ထုတ်ပြန်ထားပါသည်။