စိတ်ကျန်းမာရေးပညာရေးနှင့် အကြံပေးလေ့ကျင့်ရေးဆရာမ လီကျင်းမန့်ကို တွေ့ရစဉ်။ ဆင်ဟွာသတင်းဌာနမှ ကျောက်ဖူဖန်က ဓာတ်ပုံရိုက်သည်။
စေတနာ့ဝန်ထမ်းများသည် မိမိကိုယ်မိမိ “အလင်းစက်” ဟုသတ်မှတ်ခေါ်ဝေါ်သည်။ အလွန်သေးငယ်သည်၊ ရိုးရိုးသာမန်ဖြစ်သည်၊ ထူးထူးခြားခြားမရှိပါ။ သို့သော် “အလင်းစက်”ပေါင်းများစွာသည် ကြိုးစားမှုများဖြင့် အခြားသူကို အလင်းပေး၍ နွေးထွေးစေပါသည်။ COVID-19 ရောဂါဖြစ်ပွားပြီးနောက်၊ များစွာလှသော “အလင်းစက်”များသည် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နေကြပါသည်။
အငှားယာဉ်မောင်းဖြစ်သူ ရန်ကွမ်းယုတ်ကို တွေ့ရစဉ်။ ဆင်ဟွာသတင်းဌာနမှ တင်းနင်က ဓာတ်ပုံရိုက်သည်။
ကူမင်းမြို့ အငှားယာဉ်အသင်း၏ ဆရာဝန်များ စေတနာဖြင့်လိုက်ပို့ခြင်း ပရဟိတလှုပ်ရှားမှု ဆောင်ရွက်နေခြင်းကို သိရှိပြီးနောက် အငှားယာဉ်မောင်းဖြစ်သူ ရန်ကွမ်းယုတ်သည် ပါဝင်ရန် ချက်ချင်းပင် စာရင်းပေးလိုက်ပါသည်။ ကူမင်းဆေးရုံအမှတ်(၂)ရှိ အမျိုးသမီးဆရာဝန် ဒေါက်တာလျူနှင့် ရှီးရှမ်းရပ်ကွက် ပြည်သူ့ဆေးရုံရှိ အမျိုးသမီးဆရာဝန် ဒေါက်တာရှီးတို့အတွက် နေ့စဉ်ရုံးတက်ရုံးဆင်း လိုက်ပို့ပေးခြင်းဖြင့် စေတနာ့ဝန်ထမ်းပါသည်။ အငှားယာဉ်မောင်းတစ်ဦးအနေဖြင့် ခရီးသည်အများဆုံးချိန်ကို အဆိုပါဆရာဝန် ၂ ဦးအတွက် အချိန်ပေးခဲ့ပါသည်။ “သူတို့ (အမျိုးသမီးဆရာဝန်) က တကယ့်ကို စေတနာဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံနေတယ်။ သူတို့ကို လိုက်ပို့ရတာ ကိုယ့်အတွက်အပန်းမကြီးပါဘူး။ အသေးအဖွယ်ကိစ္စလေးပါ”ဟု ရန်ကွမ်းယုတ်က ပြောပါသည်။
စေတနာ့ဝန်ထမ်း အဖွဲ့ဝင် အစ်မကျန်းကျယ်ကို တွေ့ရစဉ်။ ဆင်ဟွာသတင်းဌာနမှ ကျောက်ဖူဖန်က ဓာတ်ပုံရိုက်သည်။
新冠肺炎疫情发生后,20岁的张婕加入一支志愿者队伍,专门负责老旧小区值守、宣传、消杀、体温测量等工作。每天步行上万步、用2个多小时为3个小区进行消杀后,张婕继续和志愿者们在小区做体温测量、外来人员登记排查、防疫宣传等工作。张婕说“我从小就在这个片区长大,现在工作也在这块,我想要保护好它!”
COVID-19 ရောဂါဖြစ်ပွားပြီးနောက် အသက် ၂၀ အရွယ်ရှိ အစ်မကျန်းကျယ်သည် စေတနာ့ဝန်ထမ်း အဖွဲ့တစ်ဖွဲ့တွင် ပါဝင်၍ ရပ်ရွာလူထုအတွက် တာဝန်ယူစောင့်ရှောက်ခြင်း၊ သတင်းဖြန့်ဝေခြင်း၊ ဆေးဖြန်းပိုးသတ်ခြင်း၊ ခန္ဓာကိုယ်အပူချိန်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ပါသည်။ နေ့စဉ် ခြေလှမ်းပေါင်းသောင်းချီ လမ်းလျှောက်ပြီး အချိန် ၂ နာရီကျော် ၃ နာရီနီးပါး နေအိမ်ရပ်ကွက်အတွင်း ဆေးဖြန်းပိုးသတ်ပြီးနောက် စေတနာ့ဝန်ထမ်းလုပ်ဖော်ကိုင်ဖက်များနှင့်အတူ ခန္ဓာကိုယ်အပူချိန်တိုင်းစစ်ခြင်း၊ ပြင်ပမှ လာရောက်သူများအား မှတ်ပုံတင်ခြင်းနှင့်စစ်ဆေးခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပညာပေး ကြေညာခြင်းများကို ဆက်လက်လုပ်ဆောင်ပါသည်။ “ကျွန်မ ငယ်ငယ်ကတည်းက ဒီနေရာမှာ နေထိုင်ပါတယ်။ အခုလည်း ဒီနေရာမှာပဲ အလုပ်လုပ်နေတယ်။ ကျွန်မ ဒီနေရာကို ကာကွယ်ပေးချင်တယ်”
လီကျင်းမန့်သည် မီးသတ်သမားများအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးစဉ်။ ဆင်ဟွာသတင်းဌာနမှ လျန့်ရှင်းဟုန်က ဓာတ်ပုံရိုက်သည်။
လီကျင်းမန့်သည် ယူနန်ပညာရေးတက္ကသိုလ် သက်မွေးပညာသင်ကျောင်း စိတ်ကျန်းမာရေးပညာရေးနှင့် အကြံပေးလေ့ကျင့်ရေးစင်တာ ဒါရိုက်တာတစ်ဦးအနေဖြင့် COVID-19 ရောဂါဖြစ်ပွားပြီးနောက် သူမသည် မိမိကျွမ်းကျင်သည့်နယ်ပယ်ကို အသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာ အကူအညီပေးခြင်းလုပ်ငန်းတွင် နေ့နေ့ညည အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ကာ မိသားစုများအတွက် နွေးထွေးနှစ်သိမ့်မှုကို ဆောင်ရွက်ပေးပါသည်။ ထို့ပြင် လီကျင်းမန့်သည် တက္ကသိုလ်လုပ်ဖော်ကိုင်ဖက်များ၊ ကျောင်းသူကျောင်းသားများနှင့်အတူ မီးသတ်သမားများ၊ ဘတ်စ်ကားမောင်းသူများ၊ လေဆိပ်ဝန်ထမ်းများနှင့် အခြားအဖွဲ့များအတွက် စိတ်ပိုင်းဆိုင်ရာ လမ်းညွန်မှု လက်စွဲစာအုပ်ကို ရေးဆွဲပြုစုပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို အဓိက အာရုံစိုက်ခဲ့သည်။ “ကျွန်မမှာ ကျွမ်းကျင်မှုပညာရှိပါတယ်။ အတွေ့အကြုံလည်း ရှိပါတယ်။ နားထောင်သူ၊ ကူညီသူ၊ နွေးထွေးနှစ်သိမ့်ပေးသူ တစ်ယောက်အဖြစ် ကြိုးစားသွားမယ်။”ဟု သူမက ပြောပါသည်။
ကူမင်းမြို့တွင် ရန်ကွမ်းယုတ်၊ ကျန်းကျယ်၊ လီကျင်းမန့် ကဲ့သို့သော စေတနာ့ဝန်ထမ်း ၄၁၀၀၀ ဝန်းကျင်ရှိပြီး မိမိတို့ တတ်နိုင်သမျှလုပ်ပေးခြင်းဖြင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေကြပါသည်။
သတင်းအရင်းအမြစ် ။ ။ ဆင်ဟွာသတင်းဌာန