နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ကျရောက်လာမည့် အခါသမယတွင် တရုတ်ပြည်လုံးဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွင် ထူးချွန်သည့် အုပ်စုနှင့် ထူးချွန်သည့် ပုဂ္ဂိုလ်များအား ဆုချီးမြှင့်ပွဲကို ယခုလ ၂၃ ရက်နေ့က ပီကင်းတွင် ကျင်းပခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကိုယ်စား ဆုချီးမြှင့်ခံရသော ထူးချွန်သည့် အုပ်စုနှင့် ထူးချွန်သည့် ပုဂ္ဂိုလ်များအား လှိုက်လှဲစွာဂုဏ်ပြုကြောင်း၊ တရုတ်ပြည် တစ်ပြည်လုံးရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို လုပ်ကိုင်ဆောင်ရွက်သူများအား စေတနာသန့်သန့်ဖြင့် နှစ်သိမ့်အားပေးကြောင်း ဖော်ပြသည်။ ထို့အပြင်၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့်ပတ်သက်၍ အရေးကြီး ညွန်ကြားချက်ကို ဖော်ပြရာတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလမ်းစဉ်ကို တင်းတင်းကျပ်ကျပ် စွဲကိုင်ကျင့်သုံးပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်ရာ ပြည်သူ့စစ်ပွဲကို အနိုင်တိုက်ခိုက်ကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် အောင်မြင်မှုနှင့် အကျိုးသက်ရောက်မှုသစ်များကို ဆက်တိုက် ရရှိရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ဖော်ပြသည်ဟုလည်း သတင်းအရ သိရပါသည်။