ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ပါတီဝင်များ၏ တာဝန်ဝတ္တရားများအကြောင်း ပြောကြား

2020-06-30 16:38:36 |သတင်းအရင်းအမြစ် CRI

ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့သည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခဲ့သည့် ၉၉ နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့ပြီးနောက် ရှန်ဟိုင်းနှင့် ကျယ့်ကျန်းပြည်နယ်ရှိ ပထမ အကြိမ် ပါတီညီလာခံ ကျင်းပခဲ့သည့် နေရာများ၌ ကြည့်ရှုရာတွင် ရှီကျင့်ဖိန်က၊ ယင်းနေရာသည် ပါတီ၏ အိပ်မက် စတင်ရာ နေရာ ဖြစ်သည်။ မိမိတို့ပါတီသည် ယင်းနေရာ၌ စတင် တည်ထောင်ခဲ့ခြင်း၊ ယင်းနေရာ၌ ခရီးစခဲ့ခြင်း၊ ယင်းနေရာမှ ခရီးထွက်ပြီး အာဏာ ကျင့်သုံးခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

၁၉ ကြိမ်မြောက် ပါတီညီလာခံတွင် ရှီကျင့်ဖိန်က၊ မူရင်းစိတ်ကို မမေ့ဘဲ စွဲစွဲမြဲမြဲ မှတ်ထားရမည်၊ ပါတီဝင်များ၏ မူရင်းစိတ်နှင့် တာဝန်ဝတ္တရားမှာ ပြည်သူများ၏ သုခချမ်းမြေ့မှုများအတွက်၊ တရုတ်အမျိုးသား၏ ရှင်သန်မှုအတွက် ကြိုးပမ်း အားထုတ်ခြင်း ဖြစ်သည်ဟု ပြောကြားပါသည်။

၂၀၂၀ ပြည့်နှစ်တွင် လက်ရှိစံချိန်စံနှုန်းအရ ကျေးလက် ဆင်းရဲသူ အားလုံး ဆင်းရဲမှု ပပျောက်စေရန်မှာ ပါတီ၏ တည်ကြည်လေးနက်သော ကတိပြုချက် ဖြစ်ပါသည်။ ရှီကျင့်ဖိန်က၊ ပြည်သူပြည်သားများ အထူးသဖြင့် လယ်သမားများကို အစွမ်းကုန် ကူညီပေးရမည်၊ ဆိုရှယ်လစ် လမ်းကြောင်းပေါ်တွင် တစ်ဦးမကျန် အတူ ချမ်းသာလာအောင် ဆောင်ရွက်ပေးရမည်ဟု ပြောကြားပါသည်။

ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီက ပြည်သူများ၏ အသက်လုံခြုံရေးနှင့် ကျန်းမာရေးကို ထိပ်ဆုံးနေရာ၌ ထားရမည်ဟု တင်ပြထားသည်။ ယင်းနှင့် ပတ်သက်ပြီး ရှီကျင့်ဖိန်က၊ ပြည်သူများကို ထိပ်ဆုံးနေရာ၌ ထားရမည်၊ လူ့အသက်ကို ထိပ်ဆုံးနေရာ၌ ထားရမည်၊ ပြည်သူများ၏ အသက် လုံခြုံရေးနှင့် ကျန်းမာရေးကို အတတ်နိုင်ဆုံး အစွမ်းကုန် ကာကွယ်ရမည်ဟု ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်ကွန်မြူနစ်ပါတီသည် မည်သည့်အချိန်တွင်မဆို ပြည်သူများ၏ အကျိုးစီးပွါးကို ပထမနေရာ၌ ထားပါသည်။ ပြည်သူများသည် ပါတီ၏ အရင်းအမြစ်နှင့် အသက်သွေးကြော ဖြစ်သည်။ ပြည်သူများကို ဗဟိုအဖြစ်ထားသည့် ဖွံ့ဖြိုးရေး အတွေးအခေါ်ကို စွဲကိုင်ရမည်။ မည်သို့သော စိန်ခေါ်မှုနှင့် ဖိအားကို ရင်ဆိုင်ရမည် ဖြစ်စေ၊ မည်သို့သော နစ်နာမှု ခံရမည် ဖြစ်စေ ယင်းအချက်သည် ဦးလည်မသုန်ပင် ဖြစ်သည်ဟု ပြောကြားပါသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ရှီကျင့်ဖိန်က၊ အဂတိ လိုက်စားမှုသည် ပြည်သူလူထုများ အမုန်းဆုံးသောလုပ်ရပ် ဖြစ်ပြီး ပါတီ ရင်ဆိုင်ရသည့် အကြီးဆုံး အန္တရာယ်လည်း ဖြစ်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို မလျှော့သော ဇွဲဖြင့် ဆက်တိုက် ဆောင်ရွက်ရမည်၊ ကေဒါခေါင်းဆောင်များ သန့်စင် မှသာ၊ အစိုးရနှင့် နိုင်ငံရေး သန့်စင်မှသာ ပါတီနှင့် နိုင်ငံတော် ရေရှည် အေးချမ်းတည်ငြိမ်မှုကို အာမခံပေးနိုင်မည်ဟု ပြောကြားပါသည်။

အနာဂတ်ရေးနှင့် ပတ်သက်ပြီး ရှီကျင့်ဖိန်က၊ ပါတီဝင် တစ်ရပ်လုံး အနေနှင့် မူရင်းစိတ်ကို မမေ့ဘဲ ရှေ့သို့ဆက်လက် ချီတက်ကာ သမိုင်းနှင့် ပြည်သူများအတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြု စွမ်းဆောင်ပေးရမည်ဟု အလေးအနက် ပြောကြားပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006