ယွိယုတ်ချောင်း ။ ။ ခါးသီးလှသော နေ့ရက်များမှ သာယာချိုမြိန်သော နေ့ရက်များဆီသို့

2020-07-01 16:12:49 |သတင်းအရင်းအမြစ် ဆင်ဟွာသတင်းဌာန

မေလ ၁၃ ရက်နေ့က တွေ့ရသော တောင်ကြားချိုင့်ဝှမ်းရှိ အားတိမာတီ။ (ဓာတ်ပုံ - ကျောက်ဖူဖန်၊ ဆင်ဟွာသတင်းဌာန)

ယွိယုတ်ချောင်းသည် မွေးရပ်ဇာတိ ယူနန်ပြည်နယ် နုကျန်းလိဆုတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ချိရှာတီကျေးရွာရှိ ချိုင့်ဝှမ်းတွင် နေထိုင်လျက်ရှိပြီး အဆိုပါနေရာတွင် တောင်တန်းမှာမတ်စောက်သဖြင့် လမ်းပန်းဆက်သွယ်ရေးမှာ အင်မတန်ခက်ခဲလှကာ အလွန်ဆင်းရဲနွမ်းပါး ခေတ်နောက်ကျသည်။ ယွိယုတ်ချောင်းသည် အရွယ်ရောက်လာချိန်တွင် အားတိမာတီမှ စွန့်ခွာထွက်သွားရန် အိပ်မက်တစ်ခု ရှိနေခဲ့သည်။ အားတိမာတီ ဆိုသည်မှာ လိဆုတိုင်းရင်းသားဘာသာစကားဖြစ်ပြီး မြေပြန့်လုံးဝမရှိသောနေရာ ဟု အဓိပ္ပါယ်ရပါသည်။

မေလ ၁၃ ရက်နေ့တွင် ယွိယုတ်ချောင်း ဇနီးမောင်နှံကို အားတိမာတီသို့ သွားရာလမ်း၌ တွေ့ရစဉ်။ (ဓာတ်ပုံ - လော်ချွင်းမင်၊ ဆင်ဟွာသတင်းဌာန)

၂၀၁၈ ခုနှစ်တွင် ဒေသန္တရအစိုးရ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ပြန်လည်နေရာချထားရေးစီမံကိန်း၏ အကူအညီဖြင့် ယွိယုတ်ချောင်း မိသားစု အပါအဝင် အိမ်ထောင်စု ၆၂ စုသည် တောင်ပေါ်မှ ဆင်းလာ၍ အားလုတီသို့ ရွှေ့ပြောင်းလာပါသည်။ သပ်ရပ်သော နေအိမ်ရပ်ကွက်၊ သန့်ရှင်းသော နေအိမ်၊ စုံလင်သော အိမ်သုံးပစ္စည်းများသည် အားလုတီ၏ အခြေချနေထိုင်မှုအခြေအနေသည် အားတိမာတီထက် သာလွန်ကောင်းမွန်ပါသည်။ ထို့အပြင် အားလုတီသည် သာယာလှပသော နုမြစ်အဝေးပြေးကားလမ်းနှင့် နီးပြီး လမ်းပန်းဆက်သွယ်ရေးမှာ အဆင်ပြေသဖြင့် ရွာသူရွာသားများ၏ ခရီးသွားလာခြင်း၊ ဆေးဝါးကုသရန်သွားခြင်း၊ ကျောင်းစာသင်ရန်သွားခြင်းနှင့် စီးပွားရှာခြင်းအတွက် အထောက်အကူပြုလေသည်။

မေလ ၁၃ ရက်နေ့တွင် တောင်ပေါ်လယ်မြေ၌ အလုပ်လုပ်နေသော ယွိယုတ်ချောင်းတို့ ဇနီးမောင်နှံကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကျောက်ဖူဖန်၊ ဆင်ဟွာသတင်းဌာန)

မေလ ၁၄ ရက်နေ့တွင် အားလုတီ ဆင်းရဲနွမ်းပါးမှုလျှော့ရေးနှင့် ပြန်လည်နေရာချထားရေး နေအိမ်ရပ်ကွက်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကျောက်ဖူဖန်၊ ဆင်ဟွာသတင်းဌာန)

အားလုတီသို့ ရောက်လာပြီးနောက် ယွိယုတ်ချောင်းသည် ဘဝအသစ်တစ်ခုသို့ ရောက်ရှိလာပါသည်။ အိမ်သုံးလျှပ်စစ်ပစ္စည်းများပြုပြင်ခြင်းလုပ်ငန်းအပြင် အားလုတီစီမံခန့်ခွဲရေးကောင်မတီအဖွဲ့ဝင်၊ အဆောင်မှူး၊ ရေနှင့်လျှပ်စစ်၊ ပတ်ဝန်းကျင်သန့်ရှင်းရေး စစ်ဆေးကြီးကြပ်သူ စသည်တို့ ဖြစ်လာပါသည်။ သူ၏ဇနီးသည် ဒေသန္တရအစိုးရ၏ အကူအညီဖြင့် ကြက်မွေးမြူရေးကို လုပ်ဆောင်နေပါသည်။ သမီးအကြီးမှာလည်း အစိုးရအဖွဲ့အစည်းလက်အောက်တွင် ပြည်နယ်ထွက် အလုပ်လုပ်စီးပွားရှာနေပါသည်။

မေလ ၁၄ ရက်နေ့တွင် ပြန်လည်နေရာချထားရေးနေရာသို့ ပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စုများသည် ဆင်းရဲနွမ်းပါးမှုလျော့ချရေး အလုပ်ရုံတွင် အလုပ်လုပ်သည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကျောက်ဖူဖန်၊ ဆင်ဟွာသတင်းဌာန)

မေလ ၁၅ ရက်နေ့တွင် ပြန်လည်နေရာချထားရေးနေအိမ်ရပ်ကွက်၌ သန့်ရှင်းရေးလုပ်ဆောင်နေသော ရွာသူရွာသားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကျောက်ဖူဖန်၊ ဆင်ဟွာသတင်းဌာန)

“ဘဝက တောင်ပေါ်မှာထက် များစွာသာလွန်ကောင်းမွန်ပါတယ်”ဟု ယွိယုတ်ချောင်းက ရယ်ပြုံးကာ ပြောဆိုပါသည်။

အားတိမာတီမှ အားလုတီသို့ ရောက်ရှိလာသော ယွိယုတ်ချောင်းသည် ရွာသူရွာသားများနှင့်အတူ ခါးသီးလှသောနေ့ရက်များမှသည် သာယာချိုမြိုန်သော နေ့ရက်များဆီသို့ လျှောက်လှမ်းနေပါတော့သည်။

သတင်းအရင်းအမြစ်။ ။ဆင်ဟွာသတင်းဌာန

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006