ဇွန်လ ၃၀ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်သည် ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေး ဗဟိုကော်မတီ ၁၄ ကြိမ်မြောက်အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ပါသည်။ ၄င်းက တရုတ်နိုင်ငံသည် ပြုပြင်ပြောင်းလဲမှုကို အားကိုးပြီး အခြေအနေ ပြောင်းလဲမှုကို ရင်ဆိုင်ကာ အခန်းကဏ္ဍသစ်ကို တိုးချဲ့ဖွင့်လှစ်၍ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုကောင်းမွန်အောင် ဝန်ဆောင်မှုပေးရန် ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးရမည်ဟု ထပ်လောင်း ပြောဆိုပါသည်။
အစည်းအဝေးတွင် နိုင်ငံတော်ပိုင်ကုမ္ပဏီ ပြုပြင်ပြောင်းလဲရေး ၃ နှစ်တာစီမံကိန်း အပါအဝင် စာတမ်းများကို စိစစ်အတည်ပြုခဲ့သည်။
အစည်းအဝေးတွင် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးရွာ၊ ပညာရေး၊ ယဉ်ကျေးမှု စသည့်နယ်ပယ်မှ ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ အစီအစဉ်ပြုလုပ်ထားကြောင်း သိရပါသည်။