တရုတ်ကွန်မြူနစ်ပါတီ အောင်မြင်မှုရရှိသည့် အကြောင်းရင်းများ

2020-07-02 17:58:40 |သတင်းအရင်းအမြစ် CRI

ဒီလ ၁ ရက်နေ့ဟာ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခဲ့တဲ့ ၉၉ နှစ် ပြည့်မြောက်နေ့ ဖြစ်တယ်။

နှစ်ပေါင်း တစ်ရာနီးပါးအတွင်း တရုတ်ကွန်မြူနစ်ပါတီဟာ ပြည်သူများကို ဦးဆောင်ပြီး ကြိုးပမ်းဆောင်ရွက်ကာ တရုတ်နိုင်ငံဟာ အတိတ်က ခေတ်နောက်ကျတဲ့ ဆင်းရဲတဲ့ နိုင်ငံ တစ်နိုင်ငံကနေ ယခု ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွါးရေး အုပ်စု ဖြစ်လာပါတယ်။

ကမ္ဘာ့အကြီးဆုံး အများတကာဆက်ဆံမှု အကြံပေးကုမ္ပဏီ Edelman က မတ်လမှာ ထုတ်ပြန်တဲ့ ၂၀၂၀ ပြည့်နှစ် ယုံကြည်မှုဆိုင်ရာ စာရင်းဇယားအရ၊ တရုတ် ပြည်သူလူထုများက အစိုးရအား ယုံကြည်မှုနှုန်းဟာ ၉၀ ရာခိုင်နှုန်း ရှိပြီး သုံးနှစ် ဆက်တိုက် ကမ္ဘာ့ ပထမနေရာမှာ တည်ရှိခဲ့တယ်လို့ သိရပါတယ်။ ပါလက်စတိုင်း အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု အဖွဲ့ ဗဟိုကော်မတီဝင်၊ အာရပ်နိုင်ငံများ ဆက်ဆံမှုနဲ့ တရုတ်ပြည်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး အာဘာ့စ် ဇာကီက၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ ၉၉ နှစ်တာ သမိုင်းစဉ်ဟာ ပြည်သူများရဲ့ သုခချမ်းမြေ့မှုအတွက် ကြိုးပမ်းဆောင်ရွက်တဲ့ သမိုင်းစဉ်ပဲ ဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့တယ်။

တရုတ်ကွန်မြူနစ်ပါတီ အောင်မြင်တဲ့ နောက်အကြောင်းတစ်ခုကတော့ တရုတ်ပြည်ရဲ့ လက်တွေ့အခြေအနေနဲ့ ကိုက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းမှန်ကို ရှာကြံနိုင်ခဲ့တာ ဖြစ်တယ်။ အမေရိကန် Brookings အသင်း John Thornton တရုတ်ရေးရာစင်တာ ဥက္ကဋ္ဌ လီချင်က၊ အဲဒီလမ်းကြောင်းဟာ တရုတ်ပြည်ရဲ့ သင့်တော်တဲ့ ရွေးချယ်မှုပဲ ဖြစ်ကြောင်း လက်တွေ့ ဖြစ်ရပ်များက သက်သေပြနေတယ်လို့ သုံးသပ် ပြောဆိုခဲ့တယ်။

တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က၊ တရုတ်ကွန်မြူနစ်ပါတီဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး နိုင်ငံရေးပါတီ ဖြစ်တယ်၊ ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံရဲ့ ကိစ္စရပ်များကို ကောင်းမွန်အောင် ဆောင်ရွက်ရမယ်၊ တစ်ချိန်တည်းမှာ တရုတ်ပြည် ဖွံ့ဖြိုးမှု တွန်းအားပေးခြင်းနဲ့ ကမ္ဘာကြီးအတွက် ပိုမို များပြားတဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးရမယ်လို့ ပြောကြားခဲ့တယ်။

“လူသားကံကြမ္မာတူအသိုက်အဝန်း တည်ထောင်ရေး” အတွေးအခေါ်ဟာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်များမှာ အကြိမ်ပေါင်းများစွာ ထည့်သွင်း ခံခဲ့ဖူးတယ်၊ Belt and Road ကမ်းလှမ်းချက်ဟာလည်း ကမ္ဘာ့နိုင်ငံများစွာတို့ လက်ခံမှု ခံခဲ့ရပြီ။ တရုတ်ကွန်မြူနစ်ပါတီဟာ ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်မှုကို တစ်သားတည်း ဖြစ်အောင် လုပ်ဆောင်နေတယ်။ တောင်အာဖရိကနိုင်ငံ အာဖရိကသားများ အမျိုးသားကွန်ဂရက် အထွေထွေ အတွင်းရေးမှူး မာဂါရှူ ပြောသလိုပဲ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်းဟာ တရုတ်အမျိုးသားအတွက် အလွန် အရေးကြီးတဲ့အပြင် ကမ္ဘာကြီး အတွက်လည်း အရေးကြီး သမိုင်းဝင် အဓိပ္ပါယ် ပါရှိကြောင်း ပြောဆိုခဲ့တယ်လို့ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါတယ်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006