ပြီးခဲ့သည့်ရက်များက အမေရိကန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့သည် ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ရေးဥပဒေကြမ်းကို အသီးသီးအတည်ပြုခဲ့သည်။ ယင်းနှင့်ပတ်သက်၍ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နိုင်ငံခြားရေးရာကော်မတီသည် ကြေညာချက်ထုတ်ပြန်ပြီး ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကာ ပြတ်သားစွာကန့်ကွက်ခဲ့သည်။ ယင်းလုပ်ရပ်သည် နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေးအခြေခံမူများကို ပြင်းထန်စွာဖေါက်ဖျက်ပြီး ဟောင်ကောင်ရေးရာနှင့် တရုတ်ပြည်တွင်းရေးကို ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း ဖေါ်ပြထားပါသည်။
အကယ်၍ အမေရိကန်ဘက်က ဇွတ်အတင်း ပြုလုပ်လျှင် လိုအပ်သော တုံ့ပြန်ဆောင်ရွက်မှုမှန်သမျှကို ပြုလုပ်မည်ဟု ကြေညာချက်တွင် ဖေါ်ပြပါသည်။