ယူနန်ရှီးတျိန့်ရှိ ပုလောင်တိုင်းရင်းသားလူမျိုးစုတစ်ခုလုံး၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမှတ်တမ်း

2020-07-06 16:34:22 |သတင်းအရင်းအမြစ် Yunnan Gateway

၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် ယူနန်ပြည်နယ် ရှီးတျိန့်ခရိုင်ရှိ ပုလောင်တိုင်းရင်းသားလူမျိုး အမျိုးသမီးတို့ လက်ဖက်နှပ်နေစဉ်။ (ဓာတ်ပုံ - ကျန်းဘိလု၊ ဆင်ဟွာသတင်းဌာန)

ယူနန်ပြည်နယ် ရှီးတျိန့်ခရိုင် မုလောင်ယွမ်ပုလောင်၊ ရီတိုင်းရင်းသားကျေးရွာအုပ်စုနှင့် ဘိုင်လောင်ရီ၊ ပုလောင်တိုင်းရင်းသားကျေးရွာတွင် နေထိုင်လျက်ရှိသော ပုလောင်တိုင်းရင်းသားလူမျိုးများသည် ခေတ်နောက်ကျလှသော ဘဝ၌ နေထိုင်ကြပါသည်။ လတ်တလောနှစ်ပိုင်းတွင် ယူနန်ပြည်နယ်သည် တိုင်းရင်းသားလူနည်းစုနေထိုင်သောဒေသတွင် “တစ်ရွာလုံးတွန်းတင်ဆောင်ရွက်ခြင်း၊ လူမျိုးစုတစ်ခုလုံး ကူညီခြင်း”ဟူသော ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစီမံကိန်းကို အကောင်အထည်ဖော်ပြီး ရှီးတျိန့်ခရိုင်ရှိ ပုလောင်တိုင်းရင်းသားလူမျိုးစုအတွက် နေရာရွှေ့ပြောင်းခြင်း၊ အခြေခံအဆောက်အဦးတည်ဆောက်ခြင်း၊ အထူးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးပါသည်။

ဒေသန္တရအစိုးရသည် အထူးတိုင်းရင်းသားလူနေအိမ် ၂၃၀၆ အိမ်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ပြန်လည်နေရာချထားရေး နေအိမ် ၆၀၅ အိမ်၊ ပြုပြင်ခြင်း၊ ထပ်တိုးခြင်း၊ ဖြိုဖျက်ပြီး အသစ်တည်ခြင်း စသော နေအိမ် ၂၆၉၂ အိမ်ကို အစီအစဉ်အလိုက် တည်ဆောက်ထားပေးပါသည်။ ထို့ပြင် ရေဆိုးထုတ်မြောင်း၊ အိမ်ပေါက်ဝအရောက် လမ်း၊ အမှိုက်သိမ်းစင်တာ၊ နေရောင်ခြည်စွမ်းအင်သုံးလမ်းမီး စသည့် အများပြည်သူဆိုင်ရာ အခြေခံအဆောက်အဦကိုလည်း တည်ဆောက်ပေးပါသည်။

ဧပြီလ ၂၁ ရက်နေ့တွင် ယူနန်ပြည်နယ် ရှီးတျိန့်ခရိုင် စာသင်ကျောင်း၌ စာသင်နေသော ပုလောင်တိုင်းရင်းသားကလေးများကို တွေ့ရစဉ်။ (ဓာတ်ပုံ - အားမင်လွန်၊ ဆင်ဟွာသတင်းဌာန)

၂၀၁၇ ခုနှစ်တွင် သက်ကြီးရွယ်အို လီယွိဖိန့်မိသားစုသည် တောင်နက်များမှ ကျေးရွာအုပ်စုရှိ ပြန်လည်ချထားရေးနေအိမ်သို့ ပြောင်းရွှေ့လာရာ ၂ ကီလိုမီတာဝန်းကျင်ဝေးသောနေရာသို့ သွားရောက်ရေထမ်းရသည့် ဘဝနှင့် လမ်းခွဲနိုင်ခဲ့ကြပါသည်။

အသက် ၄၈ နှစ်အရွယ်ရှိ ပုလောင်တိုင်းရင်းသားအမျိုးသမီး လီယွတ်လန်သည်လည်း တောင်ပေါ်ရှိ ဆင်းရဲလှသော ဘဝနှင့် လမ်းခွဲခဲ့ပြီး လက်ရှိတွင် ထောက်ပံ့ကူညီမှုဖြင့် တည်ဆောက်ထားသော ဥစားကြက်မွေးမြူရေးခြံတွင် ဝင်ရောက်လုပ်ကိုင်နေရာ လစဉ်လုပ်ခလစာ တရုတ်ယွမ်ငွေ ၂၆၀၀ (၃၆၉.၂ ဒေါ်လာ) ရရှိပါသည်။

၂၀၁၈ ခုနှစ် မေလ ၄ ရက်နေ့တွင် ကျေးရွာသို့ပြန်လာသည့် ယူနန်ပြည်နယ် ရှီးတျိန့်ခရိုင် ဘိုင်လောင် ကျေးရွာအုပ်စု တာ့ဇွန်းကျေးရွာမှ ကျန်းဟိုင်ဘျောင်းတို့ ဇနီးမောင်နှံကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဆင်ဟွာသတင်းဌာန)

အသက် ၂၉ နှစ်အရွယ်ရှိ ကျန်းဟိုင်ဘျောင်းသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးစီမံကိန်း၏ အခွင့်အလမ်းများကို တွေ့ရှိခဲ့ပြီး တက္ကသိုလ်မှဘွဲ့ရရှိပြီးနောက် ကျေးရွာသို့ ပြန်သွားခဲ့သည်။ ကျန်းဟိုင်ဘျောင်းသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအဖွဲ့၏ အကူအညီဖြင့် လယ်ယာစိုက်ပျိုးရေခြံကို တည်ဆောက်ထားပြီး ကျေးရွာကြက်နှင့် ဘဲမွေးမြူရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။ လက်ရှိတွင် ကျေးရွာအိမ်ထောင်စု ၁၂၄ စုကို ဆွဲဆောင်ပြီး အသေးစားသစ်တောစိုက်ပျိုးကို တိုးမြှင့်လုပ်ဆောင်ကာ ၎င်းတို့အနက် ဆင်းရဲနွမ်းပါးသော မိသားစု ၁၀၈ စုရှိပြီး ဝင်ငွေအများဆုံးရရှိသောအိမ်ထောင်စုသည် တစ်နှစ် တရုတ်ယွမ်ငွေ ၂ သောင်း (၂၈၄၀ ဒေါ်လာ) ရရှိနေပါသည်။

မေလ ၂၁ ရက်နေ့တွင် ယူနန်ပြည်နယ် ရှီးတျိန့်ခရိုင် ဘိုင်လောင် ကျေးရွာအုပ်စု တာ့ဇွန်းကျေးရွာရှိ အိမ်ထောင်စု တစ်စုသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ပြန်လည်နေရာချထားရေး နေရာရှိ အိမ်သစ်တွင် အမှတ်တရဓာတ်ပုံ ရိုက်နေစဉ်။ (ဓာတ်ပုံ - ကျန်းဘိလု၊ ဆင်ဟွာသတင်းဌာန)

အသက် ၂၉ နှစ်အရွယ်ရှိ လီကျန့်ဇူသည် ဘိုင်လောင်ကျေးရွာအုပ်စု တာ့ဇွန်းကျေးရွာရှိ ဆင်းရဲနွမ်းပါးသော အိမ်ထောင်စု ဖြစ်ပါသည်။ လွန်ခဲ့သော ၃ နှစ်က သူ၏မိသားစုသည် တာ့ဇွန်းကျေးရွာရှိ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ပြန်လည်နေရာချထားသောနေရာသို့ ရောက်ရှိလာပြီးနောက် ဘဝအသစ်လည်း ရောက်ရှိလာပါသည်။

သတင်းထောက်။ ။လင်ဘိဖိန်း(ဆင်ဟွာသတင်းဌာန)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006