တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် အာဂျင်တီးနားသမ္မတ ဖေနန်ဒေဇ်တို့သည် မကြာမီက အပြန် အလှန် စာပေးပို့ပြီး COVID-19ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် နှစ်နိုင်ငံ လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းနှင့် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးခြင်းနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သတင်းအရသိရပါသည်။
ဥက္ကဋ္ဌရှီကျင့်ဖိန်က တရုတ်ပြည်ဘက်သည် COVID-19 တိုက်ဖျက်ရေးတွင် အာဂျင်တီးနားနိုင်ငံနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ပြီး အာဂျင်တီးနားနိုင်ငံအား တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးလိုပါကြောင်း ရေးသားထုတ်ဖော်ထားပါသည်။