တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၈ ရက်နေ့က ရုရှား သမ္မတ ပူတင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း သတင်းအရ သိရသည်။
ထိုသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင် ရှီကျင့်ဖိန်က တရုတ်ပြည်သည် ရုရှားနိုင်ငံ အနေနှင့် ရုရှားထူးခြားချက် ဝိသေသနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း စွဲကိုင်ခြင်း အပေါ် တစ်လျှောက်လုံး ပြတ်သားစွဲမြဲစွာ ထောက်ခံကြောင်း၊ ရုရှား၏ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့် ဆောင်ရွက်ခြင်းကိုလည်း ပြတ်သားစွဲမြဲစွာ ထောက်ခံ အားပေးကြောင်း ပြောကြားခဲ့သည်။
ပူတင်က ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ရုရှားသည် ပြတ်သားစွဲမြဲစွာ ထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံ၏ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။