၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၃ ရက်နေ့ တရုတ်စံတော်ချိန် ၁၂ နာရီ ၄၁ မိနစ်တွင် တရုတ်နိုင်ငံသည် ပထမအကြိမ် အင်္ဂါဂြိုဟ်စူးစမ်းလေ့လာမည့် ထျန်းဝန်-၁(Tianwen 1)အာကာသယာဉ်ကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါသည်။ ထျန်းဝန်-၁(Tianwen 1)အာကာသယာဉ်သည် ၂၀၂၁ ခုနှစ်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်မည်ဖြစ်သည်။ ထို့ပြင်၊ ၎င်း၏ စူးစမ်းလေ့လာရေးတာဝန်ကိုလည်း သိသာရှင်းလင်းစွာ ပေးအပ်ခဲ့ပြီး အချုပ်အားဖြင့် အချက် ၃ ချက်ပါရှိသည်။ ပထမအချက်အနေဖြင့် အင်္ဂါဂြိုဟ်တွင် သက်ရှိများ ရှိမရှိဆိုသည်ကို လေ့လာစူးစမ်းရှာဖွေခြင်း၊ ဒုတိယအချက်သည် အင်္ဂါဂြိုဟ် Magnetosphere လွှာ၊ Ionosphere လွှာနှင့် လေထုလွှာကို လေ့လာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာကို လေ့လာရှာဖွေခြင်း၊ တတိယအချက်သည် အင်္ဂါဂြိုဟ်သည် ကမ္ဘာ့အပြင် လူများနေထိုင်နိုင်သော ဒုတိယနေရာ ဖြစ်နိုင်ခြေ ရှိမရှိဆိုသည်ကို သုတေသနပြုခြင်း စသည်တို့ဖြစ်သည်။
(သတင်းအရင်းအမြစ်၊ ဆင်ဟွာသသင်းဌာနနှင့် CCTV မှ ကောက်နုတ်တင်ပြထားသည်။ ဘာသာပြန်၊ Yunnan Gateway)