တရုတ်နိုင်ငံရှိ ကုမ္ပဏီ ၁၃ ခုသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်ရေးအတွက် ရှေ့ဆင့် နောက်ဆင့် စတင်ခဲ့ကြပြီး ၎င်းတို့အနက် ကုမ္ပဏီ ၉ ခုသည် လက်တွေ့စမ်းသပ်ခြင်းခွင့်ပြုချက် ရရှိ ပြီးဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွမ်ပင်းသည် ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။
သူ၏ပြောကြားချက်အရ ကုမ္ပဏီများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်ခြင်းအရှိန်အဟုန် တိုးမြှင့်ရန် တရုတ်နိုင်ငံ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်ဝန်ကြီးဌာနမှ ညွှန်ကြားထောက်ပံ့ ပေးပြီး ကာကွယ်ဆေးထုတ်လုပ်ရာတွင် ဆေးထုတ်လုပ်မှုအချိန်ဇယားရေးဆွဲရန်နှင့် အခြားကြုံတွေ့ နိုင်မည့် အခက်အခဲများအား ဖြေရှင်းရန်အတွက် လမ်းညွှန်အထောက်အကူပေးပါသည်။ ထို့အတူ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်ခြင်းစွမ်းအားကို အရှိန်မြှင့် ဆောင်ရွက်ခြင်း၊ ကာကွယ် ဆေးဖြန့်ဖြူးရောင်းချခြင်း ကွင်းဆက်ကို သုတေသနပြုခြင်း၊ သက်ဆိုင်ရာလုပ်ငန်းရှင်များ အပြန်အလှန် ဖလှယ်ခြင်းနှင့် ဈေးကွက်လိုအပ်ချက်ဆိုင်ရာသတင်းမျှဝေချိတ်ဆက်ခြင်း စသည်တို့ကိုလည်း တွန်းအား ပေးသွားမည်ဖြစ်သည်။
(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan Gateway)