“ရှီကျင့်ဖျင်၏တိုင်းပြည်စီမံအုပ်ချုပ်ရေး” စာအုပ်၏ တတိယတွဲကို တရုတ်နှင့် အင်္ဂလိပ်ဘာသာနှစ်မျိုးဖြင့် သီးခြားစီ ထုတ်ဝေကာ ယခုရက်ပိုင်းတွင် ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား စသည့်နိုင်ငံများရှိ စာအုပ်ဆိုင်များတွင် ရှေ့ဆင့်နောက်ဆင့် ဖြန့်ချိရောင်းချနေကြောင်း သတင်းအရသိရပါသည်။
အဆိုပါစာအုပ်တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်၏ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ပြောကြားခဲ့သောမိန့်ခွန်းဆောင်းပါး (၉၂)ခုကို အကြောင်းအရာ ခေါင်းစဉ် ၁၉ ခုဖြင့် ခွဲခြားတင်ပြထားသည်။ နိုင်ငံအသီးသီး၏စာဖတ်ပရိသတ်များက ခေတ်သစ်ကာလ တွင် တရုတ်နိုင်ငံ၏ တိုင်းပြည်စီမံအုပ်ချုပ်ရေးအတွေးအခေါ်သစ်နှင့် လက်တွေ့ဆောင်ရွက်မှုသစ်ကို သိရှိနားလည်ရန် ရည်ရွယ်ပြီး စာအုပ်ကို ထုတ်ဝေခြင်းဖြစ်ကာ ပရိသတ်များဖတ်ရှုအဆင်ပြေရန်အတွက် အချို့သောနေရာတွင် သက်ဆိုင်ရာအဓိပ္ပါယ်ရှင်းပြချက် အောက်ခြေမှတ်စုများကိုလည်း ရေးသားခဲ့ သည်။(Yunnan Gateway, ပုံ၊ ဆင်ဟွာသတင်းဌာန)