တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ထန်ချုံး-လုံချွမ်း အမြန်လမ်းမကြီးကို ဩဂုတ် ၁၅ ရက်တွင် ဖော် လုပ်ပြီးစီးခဲ့ရာ ယခုအခါ ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ထိုအမြန်လမ်းမကြီးသည် ယူနန်ပြည်နယ် အနောက်ဘက် နယ်စပ်ဒေသ၏ အရေးပါသည့် စီးပွားရေးပင်မလမ်းကြောင်းဖြစ်ရာ ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုး၊ဂျိမ်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲအတွက် ခရိုင်နှင့်ခရိုင်မြို့များအကြား အမြန်လမ်း ဆက်သွယ်မှုကို အကောင်အထည်ဖော်နိုင်သည့် ပြယုဂ်ပင် ဖြစ်သည်။ (Xinhua)