ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ်သည်“ခေတ်သစ်ကုန်ထုတ်လုပ်မှုစနစ်ကို အရှိန်တိုးမြှင့် ဖွံ့ဖြိုးရန် ဆုံးဖြတ်ချက်”ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဆုံးဖြတ်ချက်တွင် ယူနန်သည် ခေတ်မီကုန်သွယ်စီးဆင်းမှု လုပ်ငန်းအား ကုန်ထုတ်လုပ်ရေးတန်ဖိုးပမာဏ ထရီလီယံအဆင့်ရောက်မည့် အလေးထားလုပ်ငန်းများ၏ ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်မည်ဟု အတည်ပြုခဲ့သည်။ ပန်းတိုင်၏ အသေးစိတ် အကြောင်းအရာမှာ ၂၀၂၅ ခုနှစ်တွင် ယူနန်ပြည်နယ်၏ ကုန်သွယ်စီးဆင်းမှု စုစုပေါင်းပမာဏသည် တရုတ်ငွေ ယွမ် ၁ ထရီလီယံ(ဒေါ်လာ ၁၄၅.၃ ဘီလီယံ)ရောက်ရှိမည်ဖြစ်ပြီး ၂၀၃၀ ခုနှစ်တွင် ၂ ထရီလီယံ (ဒေါ်လာ ၂၉၀.၆ ဘီလီယံ) ရောက်ရှိကာ ခေတ်မီကုန်သွယ်စီးဆင်းမှု၏ ထပ်တိုးတန်ဖိုးသည် GDP ၏ ၁၀% ကို ရောက်ရှိမည်။ ၂၀၃၅ ခုနှစ်တွင် တရုတ်ပြည်တွင်း၊ အရှေ့တောင်အာရှ၊ အိန္ဒိယ သမုဒ္ဒရာတဝိုက်စီးပွားရေးအသိုင်းအဝိုင်းနှင့်ချိတ်ဆက်သော နိုင်ငံတကာ ကုန်သွယ်စီးဆင်းမှုလမ်းမ ကြီးကို ပြီးစီး အောင် တည်ဆောက်မည်။
၂၀၁၉ ခုနှစ်တွင် ယူနန်ပြည်နယ်၏ ခေတ်မီကုန်သွယ်စီးဆင်းမှုလုပ်ငန်း၏ စုစုပေါင်းဝင်ငွေသည် တရုတ်ငွေယွမ် ၅၇၄ ဘီလီယံ (ဒေါ်လာ ၈၃.၃၉ ဘီလီယံ) ရှိပြီး ထပ်တိုးတန်ဖိုးပမာဏသည် GDP ၏ ၈.၆% ကို ရောက်ရှိခဲ့သည်။ ထို့ပြင် ယူနန်ပြည်နယ်သည် လာအို၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ် တို့နှင့် ကုန်သွယ်စီးဆင်းမှု ချိတ်ဆက်ခြင်းကို တည်ထောင်ထားပြီးဖြစ်သည်။
ယခုအချိန်တွင် ယူနန်ပြည်နယ်သည် ခေတ်မီကုန်သွယ်စီးဆင်းမှုလုပ်ငန်း အရှိန်တိုးမြှင့် ဖွံ့ဖြိုးရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်နေသည်ကို အောက်ပါအတိုင်း တင်ပြမိတ်ဆက်ပေးသွားပါမည်။
၁။ “ရာဂဏန်းနှစ်ဆ”လုပ်ငန်းစီမံကိန်းကို တည်ဆောက်မည်။ ကုန်ထုတ်လုပ်ငန်းတန်ဖိုး ၁၀ ဘီလီယံ ရှိမည့် ကုန်သွယ်စီးဆင်းမှုစီမံကိန်းကို တည်ဆောက်သကဲ့သို့ ကုန်ထုတ်လုပ်ငန်းတန်ဖိုး ၁၀ ဘီလီယံရှိ မည့် ကုန်သွယ်စီးဆင်းမှုလုပ်ငန်းရှင်ကို ပျိုးထောင်မွေးထုတ်မည်။
၂။ “လမ်းကြောင်း + ဗဟိုချက် + ကွန်ရက်”ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ခေတ်မီကုန်သွယ် စီးဆင်းမှုစနစ်ကို တည်ဆောက်မည်။ လေကြောင်း + နိုင်ငံဖြတ်ကျော်မီးရထားလမ်း + နိုင်ငံဖြတ်ကျော် ကုန်းလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို တည်ဆောက်ပြီး နိုင်ငံတော်ကုန်သွယ်စီးဆင်းမှု ဗဟိုချက်၊ ယူနန်ပြည်နယ်ကုန်သွယ်စီးဆင်းမှုကွန်ရက် အဆင်အပြင် စီစဉ်ခြင်းနှင့် တည်ထောက်ခြင်း လုပ်ငန်းကို တွန်းအားပေးမည်။
၃။ တရုတ်နိုင်ငံ ယန်စီမြစ် စီးပွားရေးအသိုင်းအဝိုင်း၊ ပေကျင်း၊ ထျိန်းကျင်းနှင့် ဟယ်ပေ စီးပွားရေး အသိုင်းအဝိုင်းနှင့် အိန္ဒိယသမုဒ္ဒရာတဝိုက်စီးပွားရေးအသိုင်းအဝိုင်းတို့နှင့် ချိတ်ဆက်ပြီး နိုင်ငံနှင့် ဒေသဖြတ်ကျော် ကုန်သွယ်စီးဆင်းမှုကွန်ရက်ကို တည်ဆောက်မည်။
၎။ Cold Chain ကုန်သွယ်စီးဆင်းမှုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး မြို့ပြနှင့် ကျေးလက်ဒေသ ကုန်စည်သယ်ယူပို့ဆောင်ရေးကွန်ရက်ကို ပြည့်စုံအောင် ဆောင်ရွက်မည်။
၅။ စမတ်ကုန်သွယ်စီးဆင်းမှုစမ်းသပ်စခန်းကို တည်ဆောက်မည်။ ထို့အတူ အရှေ့တောင်အာရှ၊ တောင် အာရှကို မျက်နှာပြုသော တစ်ကမ္ဘာလုံးကုန်တင်ပို့ဆောင်ရေးလမ်းကြောင်း ဖွံ့ဖြိုးရေးမိတ်ဖက်ကို တည်ဆောက်မည်။ စမတ်ကုန်စည်သယ်ယူပို့ဆောင်ရေးစနစ်ကို တည်ဆောက်မည်။
၆။ တရုတ်(ယူနန်) လွတ်လပ်သောကုန်သွယ်ရေးရှေ့ပြေးဇုန် ကဲ့သို့ တံခါးဖွင့်ပလက်ဖောင်းကို အသုံးပြုခြင်းဖြင့် ကုန်သွယ်စီးဆင်းမှုအရင်းအမြစ်များကို စုစည်းမည်။(Yunnan Gateway)