တရုတ်နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုကုန်စည်ပြပွဲ (China International Fair For Trade In Services,CIFTIS)ဆိုသည်မှာအဘယ်နည်း
CIFTIS ကုန်စည်ပြပွဲဆိုသည်ကို ရှင်းလင်းစွာသိလိုပါက ကိန်းဂဏန်း “၄”နှင့် “၁၂”ကို လေ့လာကြည့်ပါ။
တရုတ်နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုသည် ပုံစံ ၄ မျိုးရှိပြီး ၎င်းတို့မှာ အွန်လိုင်းကတစ်ဆင့် နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးဝန်ဆောင်ပေးခြင်း(cross-border supply)၊ ပြည်ပစားသုံးမှုဆိုင်ရာ ဝန်ဆောင်မှုရယူခြင်း၊ နိုင်ငံခြားတွင် ဝန်ဆောင်မှုရုံးအခြေစိုက်ခြင်း(Commercial Presence) နှင့် ပုဂ္ဂိုလ်တစ်ဦးခြင်းမှ နယ်စပ်ဖြတ်ကျော်ဝန်ဆောင်မှုပေးခြင်း(Movement of Natural Persons) ဖြစ် သည်။
ကိန်းဂဏန်း ၁၂--
CIFTIS ကုန်စည်ပြပွဲတွင် ပါဝင်သောလုပ်ငန်းရပ်များမှာ ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှု၊ ဆက်သွယ်ရေး ဝန်ဆောင်မှု၊ အဆောက်အအုံတည်ဆောက်ရေးနှင့် ၎င်းနှင့်သက်ဆိုင်သောစီမံကိန်းဝန်ဆောင်မှု၊ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု၊ ခရီးသွားလာရေးနှင့်၎င်းနှင့်သက်ဆိုင်သောဝန်ဆောင်မှု၊ အပန်းဖြေ ယဉ်ကျေးမှုနှင့် အားကစား ဝန်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု၊ ကျန်းမာရေးနှင့်လူမှုရေး ဝန်ဆောင်မှု၊ ပညာရေးဝန်ဆောင်မှု၊ ဖြန့်ချိရောင်းချခြင်းဝန်ဆောင်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုနှင့် အခြားသောဝန်ဆောင်မှုလုပ်ငန်းများကို ပါဝင်သည်။
တရုတ်နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုကုန်စည်ပြပွဲ (China International Fair For Trade In Services,CIFTIS)ဆိုသည်မှာ မည်ကဲ့သို့သော ထူးခြားချက်လက္ခဏာပါသည့် ကုန်စည်ပြပွဲဖြစ်သနည်း။
အကယ်၍ သင်သည် ကိန်းဂဏန်း ၅ နှင့် 1+8+N ကို သိရှိနားလည်ပါက CIFTIS ၏ ထူးခြားချက်လက္ခဏာကို သဘောပေါက်နားလည်မည်ဖြစ်သည်။
ကိန်းဂဏန်း ၅--
CIFTIS ကုန်စည်ပြပွဲ၏ ရှေ့ပြေးမှာ တရုတ်နိုင်ငံပေကျင်းမြို့ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှု ကုန်စည်ပြပွဲ (China Beijing International Fair for Trade in Services) ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၅ ကြိမ်တိုင် ကျင်းပခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် ယခုလက်ရှိအမည်ဖြစ်သော တရုတ် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုကုန်စည်ပြပွဲ (China International Fair For Trade In Services,CIFTIS)သို့ အမည်ပြောင်းခဲ့ပါသည်။
ယခုနှစ်၏ CIFTIS ကုန်စည်ပြပွဲသည် ဦးစီးကျင်းပသည့်ဌာနမှ တီထွင်ဆန်းသစ်မှုကို တက်ကြွစွာ ဖန်တီးလုပ်ဆောင်ခြင်းဖြင့် “1+8+N”ပုံစံသစ်ကို လက်ခံအသုံးပြုခဲ့သည်။
“1”ဆိုသည်မှာ အထွေထွေကုန်စည်ပြပွဲခန်းမဖြစ်ပြီး ပြပွဲဝင်ဝင်ချင်းအခန်း (Lobby)၊ အများပြည်သူ ကျန်းမာရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးသီးသန့်ခန်း၊ နိုင်ငံအသီးသီးနှင့် တရုတ်ပြည်တွင်း ပြည်နယ်၊ ခရိုင်၊ မြို့ပြ ကုန်စည်ပြခန်း၊ ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းရပ် ၁၂ ခု၏ပြခန်းတို့ ပါဝင်ပါသည်။
တရုတ်ပြည်တွင်းနှင့်နိုင်ငံတကာမှ ကုန်သွယ်မှုဆိုင်ရာဝန်ဆောင်မှုဖွံ့ဖြိုးတိုးတက်ရေး၏ နောက်ဆုံးအခြေအနေ၊ နည်းပညာနှင့် ဒေသထွက်ကုန်တို့ကို ပြည့်စုံစွာ ပြသထားသည်။ ထို့ပြင်၊ တရုတ်နိုင်ငံ၏ သက်ဆိုင်ရာစီမံအုပ်ချုပ်ရေး နည်းလမ်းများကို မျှဝေထားသည်။
“8”ဆိုသည်မှာ လုပ်ငန်းရပ် ၈ ခု၏ သီးသန့်ပြပွဲဖြစ်ပြီး ၎င်းတို့မှာ ယဉ်ကျေးမှုဝန်ဆောင်မှု၊ ဘဏ္ဍာရေး ဝန်ဆောင်မှု၊ ဆောင်းရာသီအားကစား၊ ခရီးသွားလာရေးဝန်ဆောင်မှု၊ ပညာရေးဝန်ဆောင်မှု၊ အားကစားဝန်ဆောင်မှု၊ ဝန်ဆောင်မှုစက်ရုပ်၊ 5G နည်းပညာဝန်ဆောင်မှု စသည့် အထူးခေါင်းစဉ်များဖြင့် ပြသမည်။“N”ဆိုသည်မှာ အခြေအနေနှင့်အညီ ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုအခန်းများစွာကို စီစဉ်ပေးထား မည်ဖြစ်ပြီး ကုန်စည်ပြပွဲသို့ တက်ရောက်လာသောဧည့်သည်တော်များနှင့် လုပ်ငန်းရှင်များ အတွက် ဆွေးနွေးရန်၊ စမ်းသပ်ရန်နေရာနှင့် စားသောက်ဆိုင်များကို စီစဉ်ပေးပါမည်။
ထို့ပြင်၊ ယခုအချိန်တွင် ကုန်စည်ပြပွဲများသည် ခန်းမတွင်ကျင်းပခြင်းမှသည် အွန်လိုင်းတွင်ကျင်းပခြင်း ဆီသို့ ပြောင်းလဲကျင်းပသည့် အနေအထားဖြစ်ပြီး ယခုအကြိမ် CIFTIS သည်လည်း ခန်းမတွင် ကျင်းပခြင်း နှင့် အွန်လိုင်းကျင်းပခြင်း နှစ်မျိုးပူးတွဲကျင်းပမည် ဖြစ်သည်။
၎င်း CIFTIS ကုန်စည်ပြပွဲသည် AI ၊ Big Data ၊ 5G ၊ VR စသည့်ခေတ်မီနည်းပညာ ဒီဂျစ်တယ် ပလက်ဖောင်းကို ဖန်တီးပြီး ကုန်စည်ပြသခြင်း၊ ဖိုရမ်နှင့်အစည်းအဝေး၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း၊ လုပ်ငန်းလည်ပတ်ခြင်းနှင့် စီမံအုပ်ချုပ်ခြင်း စသည့်အကြောင်း အရာများ အားလုံးပါဝင်သော အစီအစဉ်ပေါင်းစုံနှင့် ပြခန်းမြင်ကွင်းတစ်ခုလုံး ပြသနိုင်သော အွန်လိုင်း ပလက်ဖောင်းတစ်ခုကို တည်ဆောက်ထားမည်ဖြစ်သည်။ ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များနှင့် တက်ရောက်လာကြသောလုပ်ငန်းရှင်များအတွက် အွန်လိုင်းမှတစ်ဆင့် ပြပွဲပါဝင်ခြင်း၊ ပြပွဲအောင်မြင်မှု ရလဒ်ထုတ်ပြန်ကြေညာခြင်း၊ ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့်ဝန်ဆောင်မှုများကို ပေးသွားမည်ဖြစ်ပါသည်။(Yunnan Gateway)