ယူနန်ပြည်နယ်တာ့လီ-လင်ချမ်း မီးရထားလမ်းရှိ လိုဏ်ခေါင်း ၃၅ ခုစလုံး ချိတ်ဆက်ပြီးစီး

2020-09-11 18:05:40 |သတင်းအရင်းအမြစ် 云南省国资委

图片来源:云南省国资委网站

စက်တင်ဘာလ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တာ့လီ-လင်ချမ်း မီးရထားလမ်း၏ အဓိကအစိတ်အပိုင်းဖြစ်သည့် ရှင့်ကြည်တောင်လိုဏ်ခေါင်းအား အောင်မြင်စွာ ပြီးစီးခဲ့ပြီးဖြစ်ရာ ယခုအချိန်တွင် တာ့လီ-လင်ချမ်းမီးရထားလမ်းရှိ လိုဏ်ခေါင်း ၃၅ ခုစလုံးသည် အားလုံးချိတ်ဆက် ပြီးစီးပြီဖြစ်သည်။

ထိုသို့ပြီးစီးမှုသည် တာ့လီ-လင်ချမ်းမီးရထားလမ်းတစ်ခုလုံး တစ်ဆက်တည်း ဖြစ်လာပြီး ရှေ့ဆက်ရန် ခိုင်မာလေးနက်သော ခြေလှမ်းတစ်လှမ်း လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောနိုင်သည်။ရှင့်ကြည်တောင်လိုဏ်ခေါင်းသည် ၈.၉ ကီလိုမီတာသာ ရှည်လျားသော်လည်း ကန့်လန့်ဖြတ်တောင်တန်း ဖြစ်သော ဝူလျှန့်တောင်တွင် တည်ရှိပြီး တည်ဆောက်ရာတွင် ပြတ်ရွှေ့လွှာ ၅ လွှာကို ဖြတ်ကျော်ခဲ့ရ သည်။ စီမံကိန်းဖော်ဆောင်သောကာလအတွင်း ရွှံ့နှင့် ရေများ ရုတ်တရက် စီးဆင်းလာခြင်းကိုလည်း ရှေ့ဆင့်နောက်ဆင့် ကြုံတွေ့ခဲ့ရသေးသည်။ ရှင့်ကြည်တောင်လိုဏ်ခေါင်းသည် တာ့လီ-လင်ချမ်း မီရထားလမ်းရှိ လိုဏ်ခေါင်းများအားလုံးတွင် အန္တရာယ်အရှိဆုံး လိုဏ်ခေါင်း ဖြစ်သည်။

သတင်းအရသိရှိရသည်မှာ တာ့လီ-လင်ချမ်းမီးရထားလမ်းသည် တာ့လီမှ စတင်ထွက်ခွာပြီး မြန်မာ နိုင်ငံနှင့် ရေမြေခြင်းထိစပ်နေသည့် လင်ချမ်းမြို့ကို ရောက်ရှိသည်။ မီးရထားလမ်းတစ်ခုလုံး၏ စုစုပေါင်း အရှည်သည် ၂၀၁.၈ ကီလိုမီတာရှိပြီး တစ်နာရီ ၁၆၀ ကီလိုမီတာနှုန်းဖြင့် ပြေးဆွဲနိုင်ရန် ဒီဇိုင်းရေးဆွဲစီစဉ် ထားကြောင်း သိရသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006