ယူနန်ပြည်နယ်ရွှေလီမြို့က အရေးပေါ်ဆောင်ရွက်ချက်များ  ထုတ်ပြန်လိုက်ပြီ။ သက်ဆိုင်ရာအမေးအဖြေများ လေ့လာကြပါစို့

2020-09-15 11:29:41 |သတင်းအရင်းအမြစ် 云南日报

စက်တင်ဘာလ ၁၃ ရက်နေ့ ဝဝးဝဝ နာရီမှ ၂၄းဝဝ နာရီအထိ ယူနန်ပြည်နယ်တွင် ပြည်ပမှ ဝင်ရောက်သည့် ကိုဗစ်-၁၉ ကပ်ရောဂါအတည်ပြုလူနာ (မြန်မာနိုင်ငံသား) အသစ် ၂ ဦး တိုး လာကြောင်း ယူနန်ပြည်နယ် ပြည်သူ့ကျန်းမာရေးကော်မတီက စက်တင်ဘာလ ၁၄ ရက်နေ့ တွင် ထုတ်ပြန်ကြေညာခဲ့သည်။  အဆိုပါနေ့ ညပိုင်းတွင် ယူနန်ပြည်နယ် တိုင်၊ ဂျိမ်းဖော တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတင်းစာရှင်းလင်းပွဲ ကျင်းပကာ ကပ်ရောဂါတိုက်ဖျက်ထိန်းချုပ် ရေး နောက်ဆုံးအခြေအနေများကို တင်ပြခဲ့ပါသည်။

နောက်တစ်ဆင့်တွင် ရွှေလီမြို့သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်ကို ဘက်ပေါင်းစုံမှ အပြည့်အဝ စီမံဆောင်ရွက်မည်ဟု အဆိုပါသတင်းစာရှင်းပွဲမှ သိရသည်။ သက်ဆိုင်ရာ အရေးပေါ်စီမံချက်များ ကျင့်သုံးကာ ကပ်ရောဂါပျံ့နှံ့ကူးစက်မှုများ ကို ထိရောက်စွာ တားဆီးမည်ဖြစ်ပါသည်။

ပထမအချက်မှာ ရွှေလီမြို့နေပြည်သူပြည်သားများအားလုံးအတွက် nucleic acid ဓာတ်ခွဲ စစ်ဆေးခြင်းကို ပြုလုပ်မည်ဖြစ်ပြီး စစ်ဆေးခြင်းစရိတ်ကို အစိုးရဌာနမှ တာဝန်ယူပါမည်။ ၎င်းစီမံချက် ဆုံးဖြတ်သတ်မှတ်ပြီးနောက် သက်ဆိုင်ရာသတင်းအချက်အလက်များကို အချိန်မီ ထုတ်ပြန်သွားမည်။ ဒုတိယအချက်မှာ စက်တင်ဘာလ ၁၄ ရက်နေ့မှစတင်ပြီး ည ၂၂းဝဝ နာရီနောက်ပိုင်း ထူးခြားသည့်အကြောင်းရင်းမရှိဘဲ ရွှေလီမြို့မှ ဝင်ထွက်သွားလာခွင့် မပြုပါ။ ၎င်းဆောင်ရွက်မည့်ကာလကို တစ်ပတ် ယာယီသတ်မှတ်ထားသည်။ တတိယ အချက်မှာ ရွှေလီမြို့နေပြည်သူပြည်သားများသည် အိမ်တွင်သာ နေထိုင်ရန် ပန်ကြားအပ် ပါသည်။ စတုတ္ထအချက်မှာ တရားမဝင် ခိုးဝင်သူများအား တင်းကျပ်စွာ အရေးယူမည်ဖြစ် ပါသည်။ ပဉ္စမအချက်မှာ ရွှေလီမြို့နေပြည်သူပြည်သားများသည်“တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဥပေဒ”နှင့်အညီ nucleic acid ဓာတ်ခွဲစစ်ဆေးခြင်း လုပ်ငန်းတွင် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ရပါမည်။ ဆဌမအချက်မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ၀းဝ၀ နာရီမှစ၍ ရွှေလီမြို့မှ ထွက်ခွာသွားသူများသည် ရောက်ရှိဒေသရပ်ကွက်ကို မိမိကိုယ်တိုင် သတင်းပို့ကာ nucleic acid ဓာတ်ခွဲစစ်ဆေးခံရမည်ဖြစ်သည်။

တစ်ချိန်တည်းတွင် ကွန်ရက်စနစ်ဖြင့် စိစစ်ကာ စီမံအုပ်ချုပ်မှုလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်မည် ဖြစ်သည်။ ကျေးရွာနှင့် ရပ်ကွက်များရှိ ပြင်ပမှ ရောက်ရှိလာသူ အထူးသဖြင့် “တရားမဝင် ခိုးဝင်လာသူ၊ တရားမဝင် နေထိုင်သူ၊ တရားမဝင် အလုပ်လုပ်ကိုင်သူ”အစရှိသူ များအား စုံစမ်းစီစစ်ခြင်းကို အချိန်နှင့်အပြေးညီ တိုးမြှင့်ဆောင်ရွက်မည်။ ဘက်ပေါင်းစုံမှ စုံစမ်းစစ်ဆေးကာ ကျယ်ကျယ်ပြန့်ပြန့်ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့် ကပ်ရောဂါ၏ ဘေး အန္တရာယ်များကို အချိန်မီ ဖော်ထုတ်ပြီး ဖြေရှင်းပေးပါမည်။

အခြေခံပါတီအဖွဲ့အစည်း၏ အခန်းကဏ္ဍ သက်ရောက်မှုကို အပြည့်အဝ ပါဝင်စေ ရမည်။  ပြည်သူပြည်သားများသည် နယ်စပ်ကျေးရွာရှိ နယ်နိမိတ်မျဉ်းကြောင်းကို ကောင်းမွန် စွာ စောင့်ရှောက်ရန် တိုက်တွန်းပါမည်။ ကျေးရွာအရာရှိ၊ ရပ်ကွက်စီမံအုပ်ချုပ်သူ၊ ပြည်သူ့စစ်သားများ၊ နယ်ခြားစောင့်တပ်များ၊ နယ်စပ်အမှုထမ်းများ၊ သဘာဝပတ်ဝန်းကျင် စောင့်ရှောက်သူများ စသည့်အဖွဲ့အစည်းများ ပေါင်းစပ်ကာ ပါတီအရာရှိများ၊ စေတနာ့ ဝန်ထမ်းများ၊ ပြည်သူပြည်သားများစသည့် အလွှာပေါင်းစုံမှ အင်အားစုများစုစည်းပြီး ကပ်ရောဂါ ဝိုင်းဝန်း ကာကွယ်ထိန်းချုပ်ပြီး အတူတကွ အခက်အခဲများကို ကျော်လွှားကြပါမည်။ ပြည်ဝင်ပြည်ထွက်လမ်းများ၊ လမ်းကြောင်းငယ်များ၊ ကူးတို့လမ်းကြောင်း စသည့်နေရာများအားလုံးကို ပိတ်ဆို့ရမည်ဖြစ်ပါသည်။

တရားမဝင် ပြည်ဝင်ပြည်ထွက်ခြင်း၊ သူတစ်ပါးအား နယ်စပ်မျဉ်းကို တရားမဝင်ဖြတ်ကျော် ခိုးဝင်စေခြင်း စသည်တို့အား တိုးမြှင့်အရေးယူပါမည်။ “တရားမဝင် ခိုးဝင်သူ၊ တရားမဝင် နေထိုင်သူ၊ တရားမဝင် အလုပ်လုပ်ကိုင်သူ”စသည့်ရွှေ့ပြောင်းလုပ်သားများ ဖယ်ရှား ရှင်းလင်းခြင်း၊ တင်းကျပ်စွာ စီမံထိန်းချုပ်ခြင်းတို့ကို တွန်းအားပေးပြီး ခိုင်မာစွာ ဆောင်ရွက် ရမည်။

မြန်မာနိုင်ငံနှင့် ကူးလူးဖလှယ်ရေး တိုးမြှင့်ဆောင်ရွက်ရမည်။ မြန်မာဘက်နှင့် ကိုဗစ်-၁၉ ကပ်ရောဂါအတည်ပြုလူနာ၏ အကြောင်းအရာများကို အချိန်နှင့်တပြေးညီ အသိပေး ကြေညာရမည်။ မြန်မာဘက်အနေနှင့် နယ်စပ်ဒေသစီမံအုပ်ချုပ်ရေးလုပ်ငန်းများကို မြှင့်တင် ဆောင်ရွက်ရန် ပန်ကြားတိုက်တွန်းမည်။ ကပ်ရောဂါကာကွယ်တိုက်ဖျက်ထိန်းချုပ်ရေး အတွေ့အကြုံဖလှယ်ရေး၊ ကပ်ရောဂါ ပူးတွဲထိန်းချုပ်ရေး တိုးမြှင့်ဆောင်ရွက်ရမည်။ တရားမဝင် ဝင်ထွက်သူများအား တင်းကျပ်စွာ စုံစမ်းစစ်ဆေးကာ ထိန်းချုပ်ရမည်။

လက်ရှိအချိန်တွင် ရွှေလီမြို့သည် ပြည်ပမှ ဝင်ရောက်သော ကူးစက်ရောဂါတိုက်ဖျက်ရေး အတွက် အရေးကြီးသောကာလနှင့် ကြုံတွေ့နေရာ ရွှေလီမြို့ဌာနအသီးသီး၊ ပြည်သူ ပြည်သားများသည် “စောစီးစွာရှာဖွေတွေ့ရှိ၊ စောစီးစွာတင်ပြ၊ စောစီးစွာသီးသန့်ခွဲနေ၊ စောစီးစွာအတည်ပြု၊ စောစီးစွာဆေးကုသပေး”ခြင်းတို့ကို အချိန်နှင့်တပြေးညီ လုပ်ဆောင် နိုင်ပါက တစ်မြို့လုံးရှိ ပြည်သူ့ကျန်းမာရေးကို တစိုက်မတ်မတ် ကာကွယ်စောင့်ရှောက်ပေး နိုင်ပါသည်။

အမေးအဖြေ

မေး ။ ။ ရွှေလီမြို့အနေဖြင့် ရွှေလီနေ မြန်မာနိုင်ငံသားများအတွက် မည်သို့ စီမံဝန်ဆောင် ပေးနေသနည်း။

ဖြေ ။ ။ လက်ရှိအချိန်တွင် ပြည်ပမှဝင်ရောက်လာသော ကူးစက်ရောဂါပျံ့နှံ့နေသည့်အခြေ အနေအပေါ် ရွှေလီမြို့အနေဖြင့် မြန်မာနိုင်ငံမူဆယ်ဒေသနှင့် တွေ့ဆုံဆွေးနွေးမှုများကို ပိုမိုအားကောင်းအောင် တိုးမြှင့်ဆောင်ရွက်နေပါသည်။ မြို့ပြနေ မြန်မာနိုင်ငံသားများအား စုံစမ်းစစ်ဆေးကာ ခွဲခြားစီမံအုပ်ချုပ်ရန် အောက်ပါဆောင်ရွက်ချက်များ အသေးစိတ် ကျင့်သုံးခဲ့ပါသည်။

ပထမအချက်မှာ အမြဲတမ်းအလုပ်ခန့်အပ်သည့်နေရာတွင် အလုပ်လုပ်ကိုင်နေသော မြန်မာ နိုင်ငံသားများအတွက် သတင်းအချက်အလက်များကို ပြည့်ပြည့်စုံစုံ မှတ်ပုံတင်ကာ nucleic acid ဓာတ်ခွဲစစ်ဆေးပြီးနောက် ၎င်းနေရာတွင် သီးသန့်နေထိုင်စေပါမည်။ အပြင်ထွက်ခွင့် မပြုပါ။ ကွန်ရက်စနစ်ဖြင့် တိုးမြှင့်ကြီးကြပ်ပါမည်။ ဒုတိယအချက်မှာ  နယ်စပ်ဒေသ ပြည်ဝင်ဂိတ် မပိတ်ခင် ပြည်ဝင်သည့် မြန်မာနိုင်ငံသားတို့၏ ပြည်ဝင်လက်မှတ် အချိန်သက်တမ်း ကုန်ဆုံးသော သတင်းအချက်အလက်များကို တင်းကျပ်စွာ မှတ်ပုံတင်ရမည် ဖြစ်ပြီး နေထိုင်ရာနေရာနှင့် အလုပ်လုပ်ကိုင်ရာနေရာအလိုက် ကွန်ရက်စနစ်ဖြင့် အုပ်ချုပ်ခြင်းတွင် ထည့်သွင်း ဆောင်ရွက်ပါမည်။ တတိယအချက်မှာ ပြည်ဝင်ခဲ့သည့်အချိန်ကို အတည်မပြုနိုင်သူများ၊ အမြဲတမ်းနေထိုင်ခွင့်မရှိသူများ သို့မဟုတ်  အလုပ်အတွက် သတ်မှတ်နေရာ မရှိသူများကို စုစည်းကာ နေရပ်ပြန်ရန် ပြန်ပို့ပေးမည့်ဆောင်ရွက်ချက်ကို စီစဉ် ကျင့်သုံးပါမည်။

မေး ။ ။ ပြည်ပမှဝင်ရောက်သော ကပ်ရောဂါကို ထိရောက်စွာတိုက်ဖျက်ရန် ရွှေလီမြို့သည် နောက်တစ်ဆင့်တွင် မည်သည့်ဆောင်ရွက်ချက်များ လုပ်ဆောင်မည်နည်း။

ဖြေ ။ ။ နောက်တစ်ဆင့်တွင် ရွှေလီမြို့သည် “လူ၊ ကျေးရွာ၊ လမ်းကြောင်း၊ လက်မှတ်၊ နယ်စပ်ဂိတ် ကောင်းမွန်အောင် ထိန်းချုပ်ခြင်း”ဟူသော ထိန်းချုပ်ခြင်းငါးခုလိုအပ်ချက်အရ အကောင်အထည်ဖော် ဆောင်ရွက်ပါမည်။ ပထမအချက်မှာ နယ်စပ်ဒေသရှိကျေးရွာများ၏ စီမံအုပ်ချုပ်ခြင်းကို မြှင့်တင် ဆောင်ရွက်ပါမည်။

ဒုတိယအချက်မှာ နယ်စပ်ဒေသတစ်လျှောက်တွင် တင်းကျပ်စွာ ထိန်းချုပ်မည်။ မြန်မာ ဘက်နှင့် တွေ့ဆုံဆွေးနွေးမှုကို မြှင့်တင်လုပ်ဆောင်မည်။ မြန်မာဘက်၏ လိုအပ်ချက်အရ မြန်မာဘက်သို့ နေ့စဉ်သုံးကပ်ရောဂါထိန်းချုပ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ တက်ကြွ စွာ ပံ့ပိုးပေးပါမည်။ ပြည်ပရှိ အိမ်နီးချင်းနယ်စပ်ကျေးရွာများအား ကပ်ရောဂါထိန်းချုပ်ရေး စစ်ဆေးခြင်းဂိတ်များ တည်ဆောက်ရန် ကူညီပါမည်။ မူလက နယ်စပ်ကပ်ရောဂါထိန်းချုပ်မှု ဂိတ် ၄၈ ခုကို အခြေခံကာ ပြည်သူများကပ်ရောဂါထိန်းချုပ်မှုဂိတ် ၁၈၈ ခုထိ တိုးချဲ့တည် ဆောက်ပါမည်။ နယ်စပ်ဒေသတွင် လည်လှည့်ခြင်းကိုလည်း ပိုမိုအားကောင်းလာစေရန် တိုးမြှင့်ဆောင်ရွက်ပါမည်။ တတိယအချက်မှာ သတင်းအချက်အလက်များစုဆောင်းခြင်းကို မြှင့်တင်လုပ်ဆောင်မည်။ ကျေးရွာ၊ ရပ်ကွက်စသည့်နေရာများတွင် ကွန်ရက်စနစ်ဖြင့် စုံစမ်း စစ်ဆေးကာ APP ကာကွယ်ထိန်းချုပ်မှုစနစ်ကို ကျင့်သုံးပါမည်။ ရပ်ကွက်လူထုရဲတပ်ဖွဲ့ ရေးရာ APP ကျယ်ပြန့်စွာ အသုံးပြုကာ မြန်မာနိုင်ငံသားတို့အတွက် သတင်း အချက် အလက်များကို စနစ်တွင် ထည့်သွင်းမှတ်ပုံတင်ခြင်းအား ဘက်စုံမှ ဖော်ဆောင်ပါမည်။

မေး ။ ။ တရားမဝင်သော ပြည်ဝင်ပြည်ထွက်သူများကို ဥပဒေအရ မည်သို့ အရေးယူမည် နည်း။

ဖြေ ။ ။  တရားမဝင် ပြည်ဝင်ပြည်ထွက်ခြင်း စသည့် နယ်စပ်ဒေသစီမံအုပ်ချုပ်ရေးကို တားဆီးစေသည့် ပြစ်မှုများအပေါ် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်ဝင်ပြည်ထွက်ခြင်း စီမံခန့်ခွဲမှုနည်းဥပဒေ”၊“တရုတ်ပြည်သူ့သမ္မတနိုင်ငံပြစ်မှုဆိုင်ရာဥပဒေ”၊“တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးစီမံအုပ်ချုပ်မှု ပြစ်ဒဏ်ဥပဒေ”စသည့်နည်းဥပဒေများအရ တရားဝင် အရေးယူမည် ဖြစ်သည်။

မေး ။ ။ ကိုဗစ်-၁၉ ကပ်ရောဂါအတည်ပြု နိုင်ငံခြားသားလူနာနှင့် သံသယလူနာများ၏ ဆေးကုသစရိတ်ကို မည်သူတာဝန်ယူမည်နည်း။

ဖြေ ။ ။ တရုတ်နိုင်ငံ နိုင်ငံတော်ဆေးကုသရေးအာမခံဗဟိုဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်ပြည်သူ့ကျန်းမာရေးကော်မတီတို့မှ “ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြု နိုင်ငံခြားသားတို့၏ ဆေးကုသစရိတ်ငွေပေးဆောင်ခြင်းနှင့် ပတ်သက်သည့်အကြောင်းများ ကြေညာချက်”ကို ပူးတွဲထုတ်ပြန်ထားရှိပါသည်။ ၎င်း ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြု နိုင်ငံခြားသားလူနာနှင့် သံသယလူနာ များသည် တရုတ်နိုင်ငံ၏ အခြေခံဆေးကုသရေးအာမခံ မရှိပါက ဆေးကုသစရိတ်မှာ လူနာ က မိမိကိုယ်တိုင် တာဝန်ယူရမည်ဖြစ်သည်။ နိုင်ငံခြားသားများသည် သီးသန့်ခွဲနေထိုင်သည့် စရိတ်ကိုလည်း မိမိကိုယ်တိုင် တာဝန်ယူရမည်။

မေး ။ ။ လက်ရှိအချိန်တွင် ရွှေလီမြို့၏ ဆေးကုသရေးဆိုင်ရာလုပ်ငန်းများ မည်သို့လည်ပတ် နေသနည်း။

ဖြေ ။ ။ လက်ရှိအခြေအနေကိုကြည့်ခြင်းအားဖြင့် ရွှေလီမြို့၏ ဆေးကုသခြင်းအရင်းအမြစ်မှာ လက်ရှိ ကပ်ရောဂါထိန်းချုပ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါသည်။ ကိုဗစ်-၁၉ ကပ် ရောဂါတိုက်ဖျက်ရေး ကြိုတင်ဆောင်ရွက်အချက်အရ ရွှေလီမြို့ ကျုံတိုင်ဆေးရုံကို ကပ်ရောဂါကုသသောဆေးရုံအဖြစ် သတ်မှတ်ထားသည်။ ယခုအချိန်တွင် အားလုံး ရှင်းလင်းပြီး လူနာခုတင် ၄၀၀ ထိဝင်ဆံ့ရန် စီမံထားပါသည်။ အမှန်တကယ်တွင် ခုတင် ၂၉၁ ခု ဆံ့ဖြစ်ပြီး ယခုအချိန်တွင် ခုတင် ၈၀ ပြင်ဆင်ထားပြီဖြစ်သည်။ ရွှေလီမြို့မှ ရွေးချယ်သော ပထမအသုတ်ဆေးပညာရှင်အဖွဲ့သည် လုပ်ငန်းဆောင်ရွက်နေပြီဖြစ်ကာ အချိန်မရွေး ဆေး ကုသရန် အဆင်သင့်အနေအထားတွင် ရှိနေပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006