အသွားအလာကန့်သတ်ပိတ်ဆို့ထားပြီးနောက်ပိုင်း ဒေသခံတို့၏လိုအပ်သော နေ့စဉ်သုံးပစ္စည်းများကို မည်ကဲ့သို့ ဖြည့်ဆည်းအာမခံပေးသနည်း     

2020-09-16 14:48:45 |သတင်းအရင်းအမြစ် 云桥网

စက်တင်ဘာလ ၁၃ ရက်နေ့တွင် ယူနန်ပြည်နယ်ရွှေလီမြို့၌ မြန်မာနိုင်ငံမှ ဝင်ရောက်လာသော မြန်မာ နိုင်ငံသားအမျိုးသမီးနှစ်ဦးအား ကိုဗစ်-၁၉ ကပ်ရောဂါအတည်ပြုလူနာ ဖြစ်ကြောင်းကြေညာပြီး နောက်တွင် သူတို့နှစ်ဦးနေထိုင်ခဲ့သော ရွှေလီမြို့အောက်ရှင်းစီကြည်တိုက်ခန်းပတ်ဝန်းကျင်အား ဝင်ထွက်ခွင့်မပြုပဲ လုံးဝပိတ်ဆို့ထားခြင်းဖြင့် စီမံအုပ်ချုပ်နေသည်။ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အသွားအလာကန့်သတ်ခံထားရသော ဒေသခံပြည်သူတို့၏ နေထိုင်မှုဘဝအခြေအနေကို လေ့လာရန် ကျွန်တော်တို့၏ သတင်းထောက်သည် အောက်ရှင်းစီကြည်တိုက်ခန်းများဆီသို့ သတင်းသွားယူခဲ့သည်။

လက်ရှိအခြေအနေတွင် အဆိုပါ အတည်ပြု

လူနာနေထိုင်ခဲ့သော အောက်ရှင်းစီကြည်ကွန်ဒို၏ ပထမပိုင်း တိုက်ခန်းအား အသွားအလာကန့်သတ်ကာ ယာယီပိတ်ဆို့ခြင်းဖြင့် စီမံခန့်ခွဲထားပြီး အတည်ပြုလူနာ နေထိုင်သည့် အနီးဝန်းကျင်ရှိ အောက်ရှင်းစီကြည်ကွန်ဒို၏ ဒုတိယပိုင်းတိုက်ခန်းများအား နေအိမ်တွင် နေထိုင်ရေးစနစ်ဖြင့် စီမံခန့်ခွဲနေသည်။ ထို့ပြင် ရွှေလီမြို့သည် အောက်ရှင်းစီကြည်ကွန်ဒို ပထမနှင့် ဒုတိယပိုင်းတိုက်ခန်းများအတွင်းရှိ ပြည်သူစုစုပေါင်း ၁၁၈၅ ဦးအား nucleic acid ဓာတ်ခွဲစစ်ဆေး ခြင်းပြုခဲ့ရာ ၁၁၈၅ ဦးစလုံးတွင် ရောဂါပိုး မတွေ့ရှိကြောင်း ရွှေလီမြို့၏ သတင်းစာရှင်းလင်းပွဲမှ သိရပါသည်။

အဆိုပါဝင်ထွက်ခွင့်မပြုသည့် အောက်ရှင်းစီကြည်တိုက်ခန်း အပိုင်းနှစ်ခုအတွင်းရှိ ပြည်သူများ၏ နေ့စဉ်နေထိုင်မှုကို ထိရောက်စွာ အာမခံနိုင်ရန် ရွှေလီမြို့သည် နေထိုင်မှုဆိုင်ရာဝန်ဆောင်အဖွဲ့ကို သီးသန့်ဖွဲ့စည်းခဲ့ပြီး အစိုးရမှ တာဝန်ခံကာ အထူးဝန်ထမ်းများကို စေလွှတ်၍ ပြည်သူများအတွက် ဝန်ဆောင်မှုပေးနေသည်။ တိုက်ခန်းအဆောင်အလိုက် ယူနစ်ခွဲထားပြီး စူပါမားကက် (၃)ခုမှ နေ့စဉ်သုံး ပစ္စည်းများအား ဒေသခံပြည်သူများ၏လိုအပ်မှုအရ ဖြည့်ဆည်းပေးနေသည်။

ဒေသခံပြည်သူများသည် WeChat မှတစ်ဆင့် တိုက်ရိုက်ပစ္စည်းမှာယူနိုင်ပြီး စူပါမားကက်က ပစ္စည်းများကို တိုက်ခန်းရပ်ကွက်ရှိ ဗဟိုပန်းခြံသို့ ပေးပို့ကာ ဒေသခံပြည်သူတို့သည် မိမိတိုက်ခန်းနံပါတ်အလိုက် သတ်မှတ်ထားသည့် ပစ္စည်းထားသိုစခန်းသို့ ပစ္စည်းသွားယူနိုင်သည်။ ထိုကာလအတွင်း ကုန်ပစ္စည်းပေးပို့သူနှင့် စားသုံးသူများ အကြား ထိတွေ့မှု လုံးဝမရှိပါ။ တစ်ချိန်တည်းတွင် Wechat မသုံးတတ်သော တစ်ဦးတည်း နေထိုင်သည့် သက်ကြီးရွယ်အိုများအတွက် အဆိုပါတိုက်နှစ်ခုလုံး၏ စီမံအုပ်ချုပ်ရေးကော်မတီမှ အဖွဲ့ဝင်တို့က ကာကွယ်ရေးအစီအမံများ ကောင်းမွန်စွာဆောင်ရွက်ပြီး အခန်းဆီသို့ ပို့ပေးနေသည်။(记者 张莹琳 李沛昀)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006