ကိုဗစ်-၁၉ ကပ်ကြီးပြီးရင် ကျွန်မတို့ ဖာလူဒါ အတူတူ သွားသောက်ကြမယ် ….

2020-09-18 13:02:49 |သတင်းအရင်းအမြစ် 云桥网

“ရွှေလီမြို့တွင် အရေးပေါ်ဆောင်ရွက်ချက်ကို အကောင်အထည်ဖော်လျက်ရှိပြီး တစ်မြို့လုံးရှိ နေထိုင်သူ များ အားလုံး nucleic acid ဓာတ်ခွဲစစ်ဆေးမှု ခံယူရမည်ဖြစ်သည်။” စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းက ရွှေလီမြို့ စုစု တရုတ်-မြန်မာသင်ကြားရေးစင်တာ တည်ထောင်သူ ကျင်းလိက ဖုန်းထဲ ကတဆင့် အဲဒီသတင်းကို သတိထားမိခဲ့တယ်။

ရွှေလီမြို့က တရုတ်-မြန်မာနယ်စပ်ဒေသမှာရှိပြီး မြန်မာနိုင်ငံသားရွေ့ပြောင်းအလုပ်သမားအများစုက စီးပွားရှာ အလုပ်လုပ်ကိုင်နေကြတယ်။ ဒါကြောင့်မို့ ကျင်းလိက စေတနာ့ဝန်ထမ်းတွေကို စုစည်းပြီး ဘာသာပြန်ဝန်ဆောင်မှု အခမဲ့ ဆောင်ရွက်ပေးမယ့် အတွေးတစ်ခု ရုတ်တရက် ထွက်ပေါ်လာတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းမှာ ကျင်းလိက သူမရဲ့ ​WeChat စကားဝိုင်းမှာ သတင်းစကား တစ်ခု ပါးလိုက်ပါတယ်။ -- “ရွှေလီမြို့ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်သူများရှင့်၊ အဆွေတို့က မြန်မာ နိုင်ငံသားတွေနဲ့ ဆက်ဆံရာမှာ ဘာသာပြန်ဆိုင်ရာအခက်အခဲကြုံခဲ့မယ်ဆိုရင် ကျွန်မတို့ရဲ့ “စုစု မြန်မာ ဘာသာပြန် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး စေတနာ့ဝန်ထမ်း ပရဟိတ ဘာသာပြန်စကားဝိုင်း”သို့ ဝင်လာခဲ့ပါ။ ကျွန်မတို့က ဘာသာပြန်ဝန်ဆောင်မှုကို အခမဲ့ ဆောင်ရွက်ပေးပါမယ်။”

အဲဒီသတင်းက လူမှုကွန်ရက်တွေမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး မကြာခင်မှာပဲ ဘာသာပြန်ပရဟိတအဖွဲ့မှာ ပါဝင်ဖို့ ဝင်ခွင့်ပန်ကြားတဲ့သတင်းကို သူမ စတင်ရရှိခဲ့တယ်။ “ရွှေလီက ကျွန်တော့်မိတ်ဆွေရင်းရဲ့ ဇာတိ မြေဖြစ်တယ်။ ကျွန်တော်က မြန်မာဘာသာစကားတတ်တာမို့ ပရဟိတအဖွဲ့မှာ ပါဝင်ချင်ပါတယ်။”

ထို့နောက်မှာပဲ ကျင်းလိရဲ့ဖုန်းထဲမှာ ပရဟိတဘာသာပြန်အဖွဲ့ထဲ ပါဝင်ဖို့ ဝင်ခွင့်ပန်ကြားစာတွေ မပြတ် မလပ် ဆက်တိုက်ဝင်ရောက်နေပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းအထိ၊ စုစုမြန်မာဘာသာ စကား ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး စေတနာ့ဝန်ထမ်း ပရဟိတ ဘာသာပြန်စကားဝိုင်းကို ဝင်ရောက်လာတဲ့ စေတနာ့ဝန်ထမ်း ဘာသာပြန် အယောက် ၂၇၀ အထက် ရှိပြီး သူတို့တွေအနက် ရွှေလီ မြို့က ဒေသခံ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်သူတွေ၊ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတွေ၊ သာမန်ပြည်သူပြည်သားတွေ ပါရှိပါတယ်။ ဒါ့အပြင် ကူမင်း၊ ကွမ်းကျိုး၊ ပေကျင်း စတဲ့နေရာတွေကနေ မြန်မာစကားတတ်တဲ့ တရုတ်နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ “စေတနာ့ဝန်ထမ်းတွေက ကျွန်မတို့ရဲ့ ပရဟိတဘာသာပြန်စကားဝိုင်းကို ဝင်ရောက်ရောက်ခြင်းပဲ မိမိရဲ့အလုပ်ချိန်နဲ့ အလုပ်လိုအပ်ချက်အလိုက် စီစဉ်ပြီး ဘာသာပြန်အလုပ်ထဲမှာ တက်ကြွစွာ ပါဝင်ခဲ့ကြတယ်။ အွန်လိုင်းမှာ အချိန်ပြည့်စောင့်ပြီး ဘာသာပြန်တာဝန်လက်ခံဖို့ စောင့်နေသူ အယောက် ၂၀ ရှိတယ်။ ကျွန်မတို့က ဘာသာပြန်ဖို့ အကူအညီ တောင်းလာရင် ချက်ချင်းပဲ ကူညီဆောင်ရွက်ပေးနေပါတယ်”လို့ ကျင်းလိက ပြောပါတယ်။

“ဆရာမ၊ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတစ်ယောက်က ကျွန်တော်တို့ဆေးရုံမှာ nucleic acid ဓာတ်ခွဲစစ်ဆေးမှု ခံယူနေတယ်။ သူရဲ့မှတ်ပုံတင်ဆိုင်ရာ သတင်းအချက်အလက်ကို ဘာသာပြန် ပေးပါဦး။” “ဆရာမရယ်၊ ကျွန်တော်က လွယ်ကူတဲ့ တရုတ်စကားပဲပြောတတ်တယ်။ အဲဒီ nucleic acid ဓာတ်ခွဲစစ်ဆေးခြင်းကြေညာချက်ကို မြန်မာဘာသာနဲ့ ရှင်းပြပေးနိုင်မလား။” ဘာသာပြန်စကားဝိုင်းထဲ မှာ အလုပ်တွေများနေပေမယ့်လည်း ကျန်းလိရဲ့ နှလုံးသားထဲမှာတော့ နွေးထွေးနေပါတယ်။ “အရေးပေါ် အခြေအနေ ကြုံတွေ့တဲ့ကာလမှာ မိမိအနေနဲ့ အားထုတ်ကူညီပေးနိုင်ခဲ့တယ်။ အဲဒါကလည်း ကျွန်မတို့ နိုင်ငံခြားဘာသာသင်ယူသူအတွက် တန်ဖိုးရှိတဲ့ ကိစ္စတစ်ခုပါ” လို့ ကျင်းလိက ပြောပါတယ်။

စေတနာ့ဝန်ထမ်း ဘာသာပြန်ဆိုသူတွေရဲ့ ကူညီထောက်ပံ့ပေးမှုကြောင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားအများစုက nucleic acid ဓာတ်ခွဲစစ်ဆေးခြင်း အဆင်ပြေစွာ ပြီးစီးစေခဲ့ပါတယ်။ ကျင်းလိ ရဲ့ဖုန်းက အဆက်မပြတ် ထပ်ပြီး မြည်လာပြန်ပါတယ်။ ဒီတစ်ခါက မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျေးဇူးတင်ကြောင်း ဖုန်းဆက်တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မူဆယ်မြို့က မစန်းယုမော်က ရွှေလီမှာ အလုပ်လုပ်နေသူတစ်ယောက် ဖြစ်ပါတယ်။ သူမက nucleic acid ဓာတ်ခွဲ စစ်ဆေးပြီးနောက် “ညီမလေးရဲ့ ကူညီထောက်ပံ့ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ အစ်မရဲ့ nucleic acid ဓာတ်ခွဲစစ်ဆေးခြင်း အောင်မြင်စွာ ပြီးစီးခဲ့ပါတယ်”လို့ ကျင်းလိထံ သတင်းစကား ပေးပို့ခဲ့တယ်။ “ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်လာတော့ အစ်မတို့ရဲ့အလုပ်ကို ယာယီရပ်ထားရပါတယ်။ အခုလောလော ဆယ်မှာ အပြင်မထွက်ဘဲ အိမ်မှာပဲ နေထိုင်ပါတယ်။ ဒါပေမယ့် သူဌေးက အစားအသောက်နဲ့ နေရာထိုင် ခင်း ကူညီထောက်ပံ့မှု ပေးပါတယ်။ ဒါကြောင့် အစ်မတို့ရဲ့နေထိုင်မှုဘဝက အာမခံချက်တွေ ရှိပါတယ်။ ကံကောင်းပါတယ်။ နိုင်ငံရပ်ခြား တစ်နယ်တစ်ကျေးမှာ ရှိနေပေမဲ့ ဒေသခံတွေနဲ့အတူတူ အခမဲ့ nucleic acid ဓာတ်ခွဲစစ်ဆေးခြင်းအခွင့်အလမ်းကို ရရှိပါတယ်” လို့ ကျင်းလိကို သူမရဲ့ လက်ရှိနေထိုင်မှုအခြေ အနေကို ယခုလိုပြောဆိုခဲ့ပါတယ်။

ဒီလိုသတင်းစကားမျိုးကို ကြားရလို့ ကျင်းလိနဲ့ သူမရဲ့ဘာသာပြန်အဖွဲ့က အလွန်ကျေနပ် ဝမ်းမြောက်နေ ကြပါတယ်။ “ရွှေလီ jiayou! ၊ ကျွန်မတို့ အတတ်နိုင်ဆုံး လူများများကို ကူညီပေးပါမယ်။ ကျွန်မ အတွက် အကြီးမားဆုံးဆန္ဒဟာ ရွှေလီမှာ နေထိုင်တဲ့လူတိုင်း တည်ငြိမ်အေးချမ်းတဲ့၊ လုံခြုံတဲ့ဘဝကို ရရှိစေဖို့ပဲဖြစ်ပါတယ်။ မြန်မာပေါက်ဖော် တစ်ယောက်စီတိုင်းကိုလည်း လုံခြုံမှု ရရှိစေချင်ပါတယ်”လို့ ကျင်းလိက ပြောခဲ့တယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းမှာ ကျင်းလိက ကိုဗစ်-၁၉ ကပ်ရောဂါ စစ်ဆေးရာနေရာမှာ တိုက်ရိုက်ဘာသာပြန်ပေးဖို့ အကူအညီတောင်းတဲ့သတင်း ရရှိပြီးနောက် သူမက ချက်ချင်းပဲ အလုပ်တွေ ထပ်များလာပါတယ်။ နှာခေါင်းစည်း လုံအောင် တပ်ဆင်ထားပြီး အခြား ကာကွယ်ရေးအစီအမံတွေကိုလည်း ပြင်ဆင်လို့ ချက်ချင်း အပြေးထွက်ခွာ ခဲ့ပါတယ်။ သူမက ကိုဗစ်-၁၉ ကပ်ရောဂါကွယ်ပျောက်သွားဖို့ မျှော်လင့်နေတယ်။ အဲဒီအချိန်ကျရင် မြန်မာမိတ်ဆွေတွေကို တရုတ်စာ ကောင်းကောင်းသင်ပေးနိုင်မယ်။ နောက်ပြီး မိတ်ဆွေတွေအားလုံး အတူတူ အေးအေးဆေးဆေးထိုင်ပြီး ဖာလူဒါ အတူတကွသောက်ဖို့ စိတ်ကူးနေပါတယ်။ (记者 张莹琳)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006