နောက်ဆုံးရသတင်း ။ ။ ရွှေလီမြို့တွင် nucleic acid ဓာတ်ခွဲစစ်ဆေးပြီးသူ ၉၅၃၆၂ ဦး ရှိပြီး ရလဒ်အားလုံးတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့

2020-09-18 13:08:58 |သတင်းအရင်းအမြစ် 云南日报

ယခုအချိန်ထိ ရွှေလီမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါအတည်ပြုလူနာ စုစုပေါင်း ၂ ဦး တွေ့ရှိပြီး သူတို့နှစ်ဦးသည် မြန်မာနိုင်ငံမှ ဝင်လာသူဖြစ်ကာ ယခုအချိန်တွင် ရောဂါအခြေအနေတည်ငြိမ်နေပြီး ပြင်းထန်သောအခြေအနေမရှိကြောင်း စက်တင်ဘာလ ၁၇ ရက်နေ့က ရွှေလီမြို့တွင်ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာသတင်းစာရှင်းလင်းပွဲမှ သိရပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကို ရွှေလီမြို့တွင် တွေ့ရှိပြီးနောက် ရွှေလီမြို့သည် ယူနန်ပြည်နယ်နှင့်တယ်ဟုန်တိုင်၊ ဂျင်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၏ စီစဉ်ဆောင်ရွက်ချက်များကို ဘက်ပေါင်းစုံမှ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အရေးပေါ်အကောင်အထည်ဖော်ဆောင်ရွက်ချက် ၆ ခုဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံ့ခြင်းကို တားဆီးနေပါသည်။ စက်တင်ဘာလ ၁၅ ရက်နေ့ကစတင်ကာ ရွှေလီမြို့ရှိ တရုတ်ပြည်သူပြည်သားများနှင့် မြန်မာနိုင်ငံသားများ အားလုံးကို nucleic acid ဓာတ်ခွဲစစ်ဆေးခြင်း ဆောင်ရွက်နေရာ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အထိ nucleic acid နမူနာ ၂၄၆၆၈၆ ခုရယူနိုင်ခဲ့ပြီး ဓာတ်ခွဲစစ်ဆေးရန် ဓာတ်ခွဲခန်းသို့ ပို့ဆောင်ပြီးဖြစ်သည်။ ဓာတ်ခွဲစမ်းသပ်ရလဒ်များကို အလျင်အမြန်ထွက်လာရန် အရှိန်မြှင့်တင်ဆောင်ရွက်နေပါသည်။

နယ်ပယ်အသီးသီး၏ ကူညီထောက်ပံ့မှုများဖြင့် ယခုအချိန်ထိ nucleic acid ဓာတ်ခွဲစစ်ဆေးပြီးသူဦးရေ ၉၅၃၆၂ ဦး ရှိပြီး ရလဒ်အားလုံးတွင် ရောဂါပိုးမတွေ့ရှိရပါ။ ၎င်းတို့အနက် ၂၇၄၅၉ ဦး၏ ဓာတ်ခွဲအဖြေ ရလဒ်ကို WeChat ကျန်းမာရေးအခြေအနေစာမျက်နှာသို့ ပေးပို့ပြီးဖြစ်ကာ အဖြေစာရွက်စာတမ်းကို လိုအပ်ပါက ရပ်ကွက်တာဝန်ခံမှတဆင့် ပေးပို့မည်ဖြစ်သည်။ ယခုအချိန်မှစတင်၍ စက်တင်ဘာလ ၁၈ ရက်နေ့ ညသန်းခေါင်ချိန်အထိ၊ ရွှေလီမြို့တွင် ရှိနေသူအားလုံးအား တစ်ဦးမကျန် nucleic acid ဓာတ်ခွဲစစ်ဆေးခြင်း အကုန်ပြီးစီးအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းအရ သိရပါသည်။(ယူနန်နေ့စဉ်သတင်းစာ)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006