စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိန်းဖော တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲပြည်သူ့အစိုးရသည် မြန်မာနိုင်ငံသို့ တရုတ်ငွေယွမ် ၁.၂၇၅ သန်း တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။ အဆိုပါ လှူဒါန်း သောပစ္စည်းများကို မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က ရွှေလီမြို့ ကျယ်ဂေါင် နယ်စပ်ဂိတ် နိုင်ငံတော်တံခါးမရှေ့တွင် မြန်မာနိုင်ငံကိုယ်စား လက်ခံကာ ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြား ခဲ့သည်။
ယခုအကြိမ်လှူဒါန်းသည့်ပစ္စည်းများတွင် ဆေးရုံသုံးနှာခေါင်းစည်း ၁၀၀,၀၀၀၊ N95 ဆေးရုံသုံး ကာကွယ်ရေးနှာခေါင်းစည်း ၁၀၀၀၊ ဆေးရုံသုံးရာဘာလက်အိတ် ၅၀၀၀၀၊ ဆေးရုံသုံးဖိနပ်အကာစွပ် ၁၀၀၀၀ (ဖိနပ်အရံတစ်သောင်းစာ)၊ ကိုဗစ် ကာကွယ်ရေးဝတ်စုံ ၁၀၀၀၀၊ တစ်ခါသုံး ပိုးသတ်ဆေးရည် ဗူး ၅၀၀၀၊ ဆိုဒီယမ်ဟိုက် ပိုဂလိုလိုက်ပိုးသတ်ဆေး ဗူး ၆၀၀၀ ပါဝင်သည်။ အဆိုပါလှူဒါန်းမှုသည် မူဆယ်ဒေသ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရန် ရည်ရွယ်ပြီး လှူဒါန်းခြင်းဖြစ်ကြောင်း သတင်းအရ သိရပါသည်။(သတင်းအရင်းအမြစ်၊ တယ်ဟုန်သတင်းကွန်ရက်၊ ဘာသာပြန်၊ Yunnan Gateway)