၉၈ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း ၄ နိုင်ငံ မဲခေါင်မြစ် ပူးတွဲတရားဥပဒေစိုးမိုးရေး ကင်းလှည့်ခြင်းခရီးစဉ် စတင်

2020-10-21 16:33:13 |သတင်းအရင်းအမြစ် 云南日报

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၈ နာရီတွင် တရုတ်ဘက်မှ တရားဥပဒေစိုးမိုးရေးသင်္ဘော ၃ စီးသည် တရုတ်နိုင်ငံကွမ်းလေဆိပ်ကမ်းမှ ထွက်ခွာခြင်းဖြင့် ၉၈ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း ၄ နိုင်ငံ မဲခေါင်မြစ် ပူးတွဲတရားဥပဒေစိုးမိုးရေးကင်းလှည့်ခြင်းခရီးစဉ်ကို စတင်ခဲ့သည်။

ယခုအကြိမ်ကင်းလှည့်ခြင်းခရီးစဉ်မစတင်မီ တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း ၄ နိုင်ငံတို့သည် ဗီဒီယိုမှတစ်ဆင့် သတင်းအချက်အလက်ဖလှယ်ရေးအစည်းအဝေး၊ ဦးစီးကွပ်ကဲခြင်း ပူးတွဲအစည်း အဝေးစသည်တို့ ကျင်းပပြီး လက်ရှိ မဲခေါင်မြစ်ဝှမ်းဒေသ၏ လုံခြုံရေးအခြေအနေကို ကြေညာခဲ့ ပါသည်။ ၎င်းဒေသတစ်ဝန်း၏ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုမျိုးစုံတို့အား အပြန်အလှန် ဖလှယ်ခြင်း မှတစ်ဆင့် သဘောတူညီမှုကို ရရှိခဲ့သည်။

သတင်းအရ တရားဥပဒေစိုးမိုးရေးကင်းလှည့်ရာတွင် တရားဥပဒေစိုးမိုးရေးအဖွဲ့သည် မဲခေါင်မြစ် ဝှမ်းတစ်လျှောက်တွင် “ရာဇဝတ်မှုတိုက်ဖျက်ရေး ရက်-၁၀၀ အထူးစစ်ဆင်ရေး” အစီအစဉ်ကို ဆောင်ရွက်ပြီး မှောင်ခိုခြင်း၊ နယ်စပ်ဖြတ်ကျော်ခိုးဝင်ခိုးထွက်ခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်း စသည့်နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ပြင်းထန်စွာ နှိမ်နင်းတိုက်ဖျက်နေပါသည်။

အဆိုပါ “ရာဇဝတ်မှုတိုက်ဖျက်ရေး ရက်-၁၀၀ အထူးစစ်ဆင်ရေး” အစီအစဉ်ကို တရုတ်၊ လာအို၊ မြန်မာနှင့်ထိုင်း ၄ နိုင်ငံတို့မှ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် မဲခေါင်မြစ်ရွှေတြိဂံဒေသ၏ ရာဇဝတ် မှုများကို ကြီးမားသော အဟန့်အတားဖြစ်စေနိုင်ခဲ့သည်။ ယခုအချိန်တွင် အကျိုးသက်ရောက်မှုကို စတင်ဖြစ်ပေါ်လာပြီး ဥပမာအားဖြင့် နယ်စပ်ဖြတ်ကျော်ခိုးဝင်သူ ၃၆ ဦးသည် အဆိုပါ ၄ နိုင်ငံ၏ ဥပဒေစိုးမိုးရေးဌာနတွင် မိမိဆန္ဒအရ လက်နက်ချခဲ့သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006