တရုတ်-မြန်မာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဗီဒီယိုမှတစ်ဆင့် ဆွေးနွေးဖလှယ်

2020-10-23 14:31:11 |သတင်းအရင်းအမြစ် 中国驻缅甸大使馆

အောက်တိုဘာလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ တိုက်တွန်းမှုဖြင့် တရုတ်နှင့်မြန်မာ နှစ်နိုင်ငံမှ ကျန်းမာရေးဌာနတို့သည် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အွန်လိုင်း ဗီဒီယို ဆွေးနွေးဖလှယ်ပွဲ ကျင်းပခဲ့ပြီး တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကောင်စီ၊ ကူးစက် ရောဂါထိန်းချုပ်ရေးစင်တာ၊ ယူနန်ပြည်နယ်ကျန်းမာရေးကောင်စီနှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့သည် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွေ့အကြုံများ အပြန်အလှန်ဖလှယ်ကြသကဲ့သို့ ပြဿနာများ ပူးပေါင်းဖြေရှင်းရန် ဆွေးနွေးခဲ့ပါသည်။ တရုတ်သံရုံးမှ သံအမတ် လီရှောင်ယမ်သည်လည်း အဆိုပါဆွေးနွေးဖလှယ်ပွဲကို တက်ရောက်ခဲ့ပါသည်။

တရုတ်နှင့်မြန်မာနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းများဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ် ထိန်းချုပ် ခြင်းနှင့် ဒေသတွင်း စီးပွားရေးလူမှုရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် ဘုံရည်မှန်းချက်ဖြင့် တူညီသော တာဝန်ကို ထမ်းဆောင်နေကြောင်း၊ သတင်းအချက်အလက်အတူမျှဝေခြင်း၊ မူဝါဒညှိနှိုင်းခြင်း၊ အတွေ့ အကြုံအတူမျှဝေခြင်း စသည်တို့ဆောင်ရွက်ခြင်းမှတစ်ဆင့် နှစ်ဦးနှစ်ဖက်က ကိုဗစ်-၁၉ ကပ်ရောဂါ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တရုတ်နိုင်ငံမှ တွန်းအားပေးလိုကြောင်း၊ နှစ်နိုင်ငံက အများပြည်သူ ဆိုင်ရာကျန်းမာရေးပြဿနာကိုင်တွယ်ဖြေရှင်းရန် စွမ်းရည်တိုးစေခြင်း၊ ကပ်ရောဂါကြောင့် ဖြစ်ပေါ် လာသော စီးပွားရေးလူမှုရေးဆိုးကျိုးထိခိုက်မှု လျော့ချခြင်း စသည်တို့ကို တရုတ်မှ ဆောင်ရွက် နိုင်ကြောင်း၊ နှစ်ဦးနှစ်ဖက်ပြည်သူပြည်သားများ၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် သုခချမ်းသာကို မြှင့်တင် ရန် တရုတ်မှ အကျိုးဆောင်လိုကြောင်း တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးကောင်စီ အပြည်ပြည် ဆိုင်ရာညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ကျန်းယမ်မှ ပြောဆိုခဲ့ပါသည်။

မြန်မာနိုင်ငံကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က ပြောကြားခဲ့သည်မှာ-- မြန်မာနိုင်ငံသည် ယခုကဲ့သို့ ကိုဗစ်-၁၉ တိုက်ဖျက်ရေး အရေးပေါ်ကာလတွင် တရုတ်မှ အွန်လိုင်းဆွေးနွေးပွဲကို ကျင်းပသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ယခုအစည်းအဝေးသည် နှစ်ဦးနှစ်ဖက်က ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံကို ဖလှယ်ခြင်း၊ သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးများခြင်းအတွက် အရေးပါသော အကျိုး ဆောင်ကျဉ်းပေးနိုင်သည်။ မြန်မာ့အစိုးရသည် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ခြင်းကို အထူး အလေးထားပြီး တင်းကြပ်သော ထိန်းချုပ်ရေးအစီအမံများကို ဆောင်ရွက်နေပါသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံသည် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကပ်ရောဂါလိုင်းကို ရင်ဆိုင်နေရကြောင်း၊ တရုတ်နိုင်ငံသည် ကပ်ရောဂါထိန်းချုပ်ခြင်းကဏ္ဍတွင် ထိရောက်သော အောင်မြင်မှုအသီးအပွင့်ကို ရရှိခဲ့ပြီး မြန်မာနိုင်ငံ သည် တရုတ်နိုင်ငံ၏အတွေ့အကြုံကို သင်ယူရမည်ဖြစ်ကြောင်း၊ တရုတ်နှင့်လက်တွဲပြီး ကိုဗစ်-၁၉ ကို လျင်မြန်စွာ တိုက်ဖျက်နိုင်ရန်အတွက် ကြိုးစားမည်ဖြစ်ကြောင်း ပြောကြားသည်။

တရုတ်နှင့်မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်နေပြီး ပြည်သူပြည်သားများအကြား တွင်လည်း ချစ်ခင်မြတ်နိုးမှုနက်ရှိုင်းသော ပေါက်ဖော်ချစ်ကြည်ရေး ဖြစ်ပေါ်နေကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက် တရုတ်နှင့်မြန်မာနှစ်ဦးနှစ်ဖက်သည် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အတူ တကွ အခက်အခဲများကို ဖြတ်ကျော်ဖြေရှင်းနေခြင်းမှတစ်ဆင့် နှစ်နိုင်ငံပြည်သူပြည်သားအကြား အေးအတူပူအမျှ ဖေးမစောင့်ရှောက်သော ပေါက်ဖော်ချစ်ကြည်ရေးကို ထင်ဟပ်နေသကဲ့သို့ နှစ်နိုင်ငံ ဘုံကံကြမ္မာအသိုက်အဝန်း၏ အနက်အဓိပ္ပါယ်လည်း ဖော်ဆောင်နေကြောင်း၊ ကျွန်မတို့သည် မြန်မာနိုင်ငံ နှင့်အတူ နှစ်ဦးနှစ်ဖက်အကြီးအကဲများရရှိခဲ့သောသဘောတူညီမှုကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လိုကြောင်း၊ ယခင်ကပူးပေါင်းဆောင်ရွက်မှုကို အခြေခံအုတ်မြစ်ချပြီး မြန်မာနိုင်ငံ၏ လိုအပ် ချက်နှင့်အညီ ကူညီထောက်ပံ့မှုကို ဆက်လက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သံအမတ်လီရှောင်ယမ် က ဆိုသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံကျွမ်းကျင်ပညာရှင်များသည် မိမိနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေနှင့် တိုက်ဖျက်ရေးအစီအမံများကို အသီးသီးမိတ်ဆက်ခဲ့ပြီး ကာကွယ်ထိန်းချုပ်ရေးအစီအမံအသေးစိတ်နှင့် ကာကွယ်ဆေးသုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေအနေများကို နက်ရှိုင်းစွာ ဆွေးနွေးဖလှယ် ခဲ့ကြသည်။(သတင်းအရင်းအမြစ်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ ဘာသာပြန်၊ Yunnan Gateway)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006