တရုတ်နှင့်မဲခေါင်မြစ်ကော်မရှင်တို့သည် ၂၄ကြိမ်မြောက် ဆွေးနွေးပွဲကို ကျင်းပ

2020-10-26 15:05:26 |သတင်းအရင်းအမြစ် CRI online

တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ကော်မရှင်တို့သည် ၂၄ကြိမ်မြောက်ဆွေးနွေးပွဲကို မကြာခင်က ဗီဒီယိုနည်းလမ်းဖြင့် ကျင်းပခဲ့ကြောင်း၊ မဲခေါင်မြစ်ကော်မရှင်အဖွဲ့ဝင်နိုင်ငံ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ဆွေးနွေးဖက်နိုင်ငံတရုတ်ပြည်နှင့် မြန်မာတို့မှ ကိုယ်စားလှယ်များသည် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြကြောင်း၊ ယင်းဆွေးနွေးပွဲတွင် ပြီးခဲ့သည့်အကြိမ်ဆွေးနွေးပွဲကို ကျင်းပပြီးသည့် နောက်ပိုင်း တရုတ်နှင့်မဲခေါင်မြစ် ကော်မရှင်တို့၏ ဆွေးနွေးမှုပူးပေါင်းဆောင်ရွက်ရေးတိုးတက်မှုကို ပြောင်းရုံးသုံးသပ်ပြီး အပြည့်အဝအတည်ပြုခဲ့သည့်အပြင် ယခုနှစ်တွင် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက် ရေးအဓိကအချက်နှင့်ဦးတည်ချက်ကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း၊ ယင်းဆွေးနွေးပွဲ၌ တရုတ် ဆည်မြောင်းတာတမံ ဝန်ကြီးဌာန နှင့် မဲခေါင်မြစ်ကော်မရှင်တို့သည် “လန်ချန်းမြစ် တစ်နှစ်လုံး ဇလဗေဒဆိုင်ရာ အချက်အလက်များ အကြောင်းကြားရေး သဘောတူစာချုပ်”ကို ချုပ်ဆိုခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006