တရုတ်နိုင်ငံမှ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအား တရားဥပဒေစိုးမိုးရေးလုပ်ငန်းသုံး မော်တော်ယာဉ်များ လွှဲပြောင်းပေးအပ်လှူဒါန်း

2020-10-26 15:14:52 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနအား တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မော်တော်ယာဉ်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို အောက်တိုဘာ ၂၃ ရက်က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းကျိုက်တုံက တရုတ်-လာအို နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေး၏ အရေးကြီးအစိတ်အပိုင်း ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် မော်တော်ယာဉ် လှူဒါန်းလွှဲပြောင်းပေးအပ်ခြင်းသည် လာအိုနိုင်ငံ၏ဆက်စပ်လုပ်ငန်းများတွင် အထောက်အကူပြုရန် နှင့် နှစ်နိုင်ငံပြည်သူ့လုံခြုံရေးကဏ္ဍတိုးတက်မှု၊ တရုတ်-လာအို အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအတွက် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

လာအို ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးဌာန အတွင်းရေးမှူးနှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Vilay Lakhamfong က လာအို-တရုတ် နှစ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနသည် အစဉ်အမြဲ အပြန်အလှန် အားပေးထောက်ခံကူညီဖေးမလျက်ရှိကြောင်း ၊ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနမှ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနသို့ ပစ္စည်းများထောက်ပံ့ပေးခြင်း၊ မွမ်းမံသင်တန်းများပေးခြင်းစသည်တို့တွင် ကူညီဆောင်ရွက်ပေးခဲ့ရာ များစွာ အထောက်အကူဖြစ်စေခဲ့ကြောင်း ဆိုသည်။

လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာအနေဖြင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့်အတူ တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများတွင် တစ်ဆင့်တိုး ကျယ်ပြန့်နက်နဲစွာ ဆောင်ရွက်သွားကာ နယ်စပ်ဖြတ်ကျော် လောင်းကစားလုပ်ကိုင်ခြင်း စသည့် ရာဇဝတ်မှုအမျိုးမျိုးကို တိုက်ဖျက်သွားပြီး နှစ်နိုင်ငံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006