ယူနန်ပြည်နယ် တက်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲပြည်သူ့အစိုးရမှ မြန်မာနိုင်ငံရှိအသင်းအဖွဲ့ (၆)ခုအား ကိုဗစ် -၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးပစ္စည်းဖြစ်သော ဆေးရုံသုံးဆာဂျီကယ် နှာခေါင်းစည်း အခုရေ ၃၅၀၀၀၀ ကို နိုဝင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြို့တွင် ခွဲဝေလှူဒါန်းခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်စီးပွားရေးသံမှူးMr.Tan Shufu မှ မြန်မာနိုင်ငံရှိအသင်းအဖွဲ့၆ ခုဖြစ်သောမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်(UMFCCI)၊ Myanmar Livestock Federation၊Myanmar Banks Association စသည့် အသင်းအဖွဲ့ ၆ ခုကို တစ်သင်းတစ်ဖွဲ့လျှင် ဆေးရုံသုံး နှာခေါင်းစည်း လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါလှုဒါန်းပွဲအခမ်းအနားကို တရုတ်စီးပွားရေးသံမှူးMr.Tan Shufuနှင့်မြန်မာနိုင်ငံရှိအသင်းအဖွဲ့ (၆)ခုမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး သံမှူးMr.Tan Shufuအား အမှတ်တရဂုဏ်ပြုလွှာများကို အသင်းအဖွဲ့(၆) ခုမှအသီးသီးပေးအပ်ခဲ့ကြသည်။