ယခုရက်ပိုင်းတွင် ၂၀၂၀ ပြည့်နှစ် ယူနန်ပြည်နယ်မိသားစုကျန်းမာရေးမြှင့်တင်ပွဲနှင့် ပထမအကြိမ် ယူနန်ပြည်နယ်၏ “အလှပဆုံး ကျန်းမာသည့် မိသားစု”ရွေးချယ်ပွဲကို ကူမင်းမြို့တွင် စတင်ခဲ့ကြောင်း သတင်းအရ သိရပါသည်။ အဆိုပါလှုပ်ရှားမှု အစီအစဉ်သည် ယူနန်ပြည်နယ်အတွင်း ကျင်းပသော ပထမအကြိမ် အတိုင်းအတာအလွန်ကြီးကျယ်သည့် အွန်လိုင်းနှင့် မျက်နှာခြင်းဆိုင်ပုံစံနှစ်မျိုးဖြင့် ကျင်းပသော မိသားစုကျန်းမာရေးကြေညာသည့် အစီအစဉ် ဖြစ်သည်။
လာမည့်နှစ်တွင် “ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ဆောင်မှုပေးခြင်း၊ မိသားစုများ ကျန်းမာ ရေး တွန်းအားပေးခြင်း” ဟူသည့် အဓိကခေါင်းစဉ်ဖြင့် လှုပ်ရှားမှုအစီအစဉ်များကို ကျင်းပမည်ဖြစ်ပြီး ကျန်းမာရေးမွမ်းမံသင်တန်းပေးခြင်း၊ ဗီဒီယိုများ၊ ဆောင်းပါးစာမူများ၊ ဓာတ်ပုံများ၊ ကျန်းမာသော မိသားစုဆိုင်ရာအကြောင်းအရာ စသည့် အစီအစဉ်များလည်းပါဝင်မည်ဖြစ်သည်။